"အင့်....လွှတ်ဦးဆို"

"ကလေး.....ခဏလေး ဒီလို နေပေး"

"ဘာဖြစ်လာတာလဲ....Xiao Lu ကို ပြောဦးလေ"

"ကလေးကို စိတ်ပူသွားလို့....."

"ဘာကိစ္စ စိတ်ပူရတာ"

"ဒီနားမှာ ခုနက လူသတ်မှု ဖြစ်သွားတယ်လေ....."

"ဟမ်.....အဲ့တာကြောင့်လား"

"အင်း.....ကလေးများ ကြောက်နေမလားလို့"

Luhan ရီရခက် ငိုရခက်ပင် ဖြစ်သွားသည်.....
အမှုဖြစ်သွားတဲ့ နေရာနဲ့က တစ်ရပ်ကွက်ထဲ
ဆိုပေမဲ့ ဘယ်နှစ်လမ်းတွေတောင် ခြားနေတာတုန်း....
သူတို့ တိုက်နဲ့ဆို တကယ် အဝေးကြီးဆိုမှ အဝေးကြီး....
ရဲကားအသံတွေ ကြားလိုက်ရပေမဲ့
ဘာဖြစ်မှန်းတောင် Xiao Lu သိခဲ့တာမဟုတ်.....
ခုနကမှ Innie က အကျိုးအကြောင်း လှမ်းပြီး
ဖုန်းဆက်ပြောလို့ သူ သိနေတာ......
တခါတလေကျ Oh Sehun တို့ အရမ်း
အကဲပို လွန်းတယ် ဆိုတာမျိုးက.....

"အဲ့တာနဲ့ပဲ Incheon ကနေ ဒီထိ
ပြန်ပြေးလာခဲ့တာလား"

"အင်း....."

"ပြောစမ်းပါဦး....ဘယ်လို အရှိန်နှုန်းနဲ့များ
ဒုန်းဆိုင်းလာခဲ့သလဲ"

"နာရီဝက်တောင် မကြာလောက်ဘူး ထင်တယ်.....
ခု ၁၀ နာရီတောင် မထိုးသေးဘူး ဆိုတော့"

"27 km ရှိတဲ့ ခရီးကို Oh Sehun တို့
နာရီဝက်တောင် မကြာအောင် မောင်းလာခဲ့တာ
Oh Sehun ရဲ့ skill တွေ ဆိုတာမျိုးက....."

"ကလေးရာ....မနောက်နဲ့ကွာ
ကိုယ် တကယ် စိတ်ပူသွားတဲ့ဟာ"

Sehun ပြောရင်းနဲ့ Xiao Lu ကိုယ်လုံးလေးကို
ဆွဲလှည့်ပြီး အနမ်းမိုးတွေ ကျဲချလိုက်တယ်.....
Luhan ရုန်းကန်ဖို့ ကြိုးစားပေမဲ့ ဘယ်လိုမှ
အရာမထင်.....မတ်တပ်ရပ်ထားရင်းနဲ့တောင်
ခြေထောက်တွေက ပျော့ခွေချင်လာတယ်......
ကဲ.....ရှိပါစေတော့ မျက်နှာပူလည်း
နောက်တော့မှပေါ့
Body guard ကိုကိုတွေ ဟိုဘက်ကို
မျက်နှာလှည့်ထားပါစေနော်.....

စိတ်မမှန်တဲ့ အချိန်ကျရင် လူအမြင်ကတ်အောင်
ချစ်ပြတတ်လွန်းတဲ့ ကျနော့် လူကြီးရဲ့
အလိုကို လိုက်လျောချင်လို့.....
ကျနော့် အနမ်းတွေနဲ့ လေဆိပ်ကို အချိန်မှီ
ပြန်မောင်းရမယ့် ထိုလူကြီးကို ဘေးကင်းစေချင်လို့.....
အသည်းယားအောင် ပြုစားတတ်လွန်းတဲ့
အဲ့လူကြီးကို အနမ်းတွေနဲ့ ကျီစားလိုက်ချင်လို့ပါ.....
ကျေးဇူးပြုပြီး ကြယ်လေးတွေလည်း
မျက်လုံးမှိတ်ပေးကြပါနော်.....

•~ ENDLESS ~•Where stories live. Discover now