ဖုန်းခေါ်နေသံ တတီတီကြားမှာ Sehun
ရင်တွေ ဗြောင်းဆန်အောင်ကို ပူလာတယ်....
ဘာကိစ္စ ဖုန်းကိုင်တာ ကြာနေရတာတုန်း......

"အင်း.....လူကြီး ပြော"

"ကလေး.....ကလေး အဆင်ပြေလား ဟမ်"

"ဟင်....Xiao Lu က ဘာဖြစ်လို့"

"အင်း.....ဘာမှ မဖြစ်ဘူးမလား
ရပြီ....ရပြီ"

"တိုက်ခန်းရှေ့ ထွက်နေပေး....Lu
ကိုယ် ကလေးဆီကို လာနေတယ်"

"ဟင်.....ဘာလာလုပ်"

"တီ....တီ"

Luhan စကားမဆုံးခင်မှာပဲ Sehun က
ဖုန်းချသွားလေရဲ့.....
ဒီလူကြီး ဘာထ ဖြစ်ရပြန်တာလဲ.....
သွားကာနီးကဖြင့် စိတ်ဆိုးသွားပြီးတော့
ခု ဘယ်လိုဖြစ်လို့ အိမ်ကို ပြန်လာနေရတာ......

Luhan အပြင်မှာ စောင့်နေဖို့ တိုက်ခန်းအပြင်ကို
ထွက်လိုက်တာနဲ့ အပြင်က body guard တွေကို
မြင်ပြီး လန့်သွားတယ်......

"အင်.....ခင်ဗျားတို့တွေက ဘာလုပ်နေကြတာ"

Sehun ရဲ့ လက်အောက်ငယ်သားတွေမှန်း
မြင်တာနဲ့ သူ မျက်မှန်းတန်းမိပေမဲ့ သူတို့က
တိုက်ခန်းရှေ့ ဘာလာလုပ်နေကြသလဲ မသိ.....

"ကျနော်တို့ကို Mr.Oh လွှတ်ထားတာပါ"

"အင်းလေ.....ဘာလုပ်ဖို့"

"သခင်လေးကို စောင့်ကြည့်ထားဖို့တဲ့...."

"အာ....လာပြန်ပြီ သခင်လေးလို့ မခေါ်ပါနဲ့ဆို
Luhan လို့ပဲ ခေါ်"

"ဒါမဲ့ ကျနော်တို့က...."

"ဒါမဲ့တွေ ဒါမမဲ့တွေ မပြောနဲ့....
သခင်လေး ခေါ်ရအောင် Xiao Lu က
Oh Sehun ရဲ့ သားမှ မဟုတ်ပဲ
Luhan ပဲ ခေါ်...."

"အင့်....."

အနောက်ကနေ အရှိန်နဲ့ ပြေးဖက်လိုက်တာကြောင့်
Luhan အရှေ့ကိုတောင် ဟက်ထိုးလဲမိမလို
ဖြစ်သွားတယ်.....ဒါပေမဲ့ နွေးထွေးတဲ့ ရင်ခွင်တစ်ခုထဲ
ကျရောက် သွားခဲ့ရတာမို့.....

"လူကြီး.....ဘာဖြစ်နေတာတုန်း"

အမြင်မတော်တော့တာမို့ နည်းနည်း လူးလွန့်ကာ
ရုန်းလိုက်ပေမဲ့ ဖက်ထားတဲ့ လက်တွေက ပိုမို
တင်းကြပ်လာခဲ့တယ်.....

•~ ENDLESS ~•Where stories live. Discover now