"အဲ့တာတွေကို သိနေရဲ့သားနဲ့ Jin Woo
မင်းကရော Hun ကို ဘာလို့ မတားတာတုန်း....."
"ခု သူ့ကို Luhan ဆီ မသွားနဲ့လို့များ တားလိုက်ရင်
ဒီတသက် မကာအိုကို ရောက်တော့မှာကို မဟုတ်ဘူး"
"ကျစ်....အရေးမပါတာတွေ"
"စိတ်မပူပါနဲ့....Mr.Oh အချိန်မီ ပြန်လာမှာပါ"
~•~•~•~•~•~•~•~•~•~•~•~•~•~•
ချစ်ခြင်းမျိုးစေ့ကို ကျနော်တို့ ရင်ထဲမှာ
အတူ စိုက်ပျိုးခဲ့ကြပြီးပြီနော်.........
အချစ်သစ်ပင်လေး ကြီးထွားလာရင်
နာကျင်ရမှာလား ပျော်ရွှင်ရမှာလား.....
ဘယ်လိုပဲဖြစ်ဖြစ် အချစ်ပင်လေး ကြီးထွားဖို့
နေရောင်ခြည်နဲ့ အားအင်တွေက ခင်ဗျားဆီက
ရတယ်ဆိုတာကို မှတ်ထားပေး.....လူကြီး
ကျနော်က ရင်အနာခံပြီး ပျိုးရမယ့် လူမို့.....
~•~•~•~•~•~•~•~•~•~•~•~•~•~•~•
Sehun ရပ်ထားတဲ့ ကားကို parking ထဲ
လိုက်ရှာရင်း မျက်လုံးတွေပါ ပြာဝေလာတယ်.....
ရင်တွေ ပူလိုက်တာ.....ကလေးရာ
ကားပေါ်ရောက်တာနဲ့ စက်နှိုးပြီး Sehun
ချက်ချင်း မောင်းထွက်ခဲ့တယ်.....
ထွက်ပေါက် gate မှာ စစ်ဆေးမှု ခံယူရသေးလား
ဘာလား သူ မစဉ်းစားချင်တော့ဘူး.....
ခုချိန်မှာ Xiao Luhan ဆိုတဲ့ ကောင်လေးဆီ
ရောက်ဖို့က အရမ်းကို အရေးကြီးနေတာမို့.....
ည ၉နာရီခွဲ အချိန်မို့ လမ်းပေါ်မှာလည်း
ကားတွေက အရမ်း ရှုပ်မနေတော့......
Sehun လီဗာကို အသားကုန် ဖိနင်းရင်း
ရှေ့က ကားတွေကို တစီးပြီး တစီး
ကျော်တက်လာခဲ့တယ်.....
ကံကောင်းထောက်မစွာနဲ့ မီးပွိုင့်တွေမှာ
မိမနေတော့တာကြောင့် Sehun ရဲ့
ကားလေးက လမ်းပေါ်မှာ ဒုံးပျံအလွှားကို
ပြေးလွှားနေလေရဲ့.....
Luhan ဆီ ဖုန်းဆက်ရမှာမို့ bluetooth speaker ကို
နားထဲ ကောက်ထည့်လိုက်ပြီး ဖုန်း dialer ရဲ့
No 1 ခလုတ်လေးကို ခပ်ကြာကြာ ဖိနှိပ်ထားတော့
My baby ဆိုတဲ့ contact လေးထဲကို
ဖုန်းဝင်သွားလေတယ်.....
Luhan ဘာမှ မဖြစ်နိုင်မှန်း သူ သိတယ်.....
ဒါမဲ့ ဘာလို့ ဒီလောက်ထိ စိတ်ပူသွားခဲ့မှန်း
သူ မသိဘူး.....ရင်ထဲ အရမ်းကို ပူလောင်လာခဲ့တာ
သူ ဒီကလေးကို ထပ်မတွေ့လိုက်ရပဲ
မကာအိုကို ထွက်သွားရမယ်ဆို
သူ ရူးသွားနိုင်တယ်.....
YOU ARE READING
•~ ENDLESS ~•
Fanfictionလူကြီး....အချစ်ဆိုတာ ဘယ်လိုမျိုးလဲ ရယူခြင်းတို့ ပေးဆပ်ခြင်းတို့ လူတွေ အမျိုးမျိုး ငြင်းခုန်နေကြချိန်မှာ ကျနော်ကတော့ သေချာပြောနိုင်တယ်....အချစ်ဆိုတာ လူကြီး ကိုယ်တိုင်ပါပဲ..... အချစ်က အတ္တကြီးသလို ကိုယ်ကလည်း အတ္တကြီးတယ် ကလေး....အမှန်ဆို မင်းက ကိုယ့်စိတ်...
Part 7
Start from the beginning
