Sehun လက်က ပတ်ထားတဲ့ နာရီကို ငုံကြည့်မိတော့
ဝေဝါးနေတဲ့ မျက်လုံးအစုံကြောင့် နာရီလက်တံတွေကို
မမြင်ရပဲ မျက်ဝန်းအိမ်ထဲ ခိုတွဲနေတဲ့ မျက်ရည်စတွေကသာ
အလျင်အမြန် ခုန်ဆင်းသွားကြတယ်.....
"Hun ဘာတွေ ဖြစ်နေတာလဲ....ဘာဖြစ်လို့လဲ
Xing တို့ကို ပြောပြလေ"
"ကိုယ် မှီအောင် ပြန်လာခဲ့မယ်....စောင့်နေ Xing"
မျက်ရည်တွေကို လက်ခုံနဲ့ အကြမ်းပတမ်း
ဆွဲသုတ်လို့ Sehun လေဆိပ်ထဲကနေ
အရူးတပိုင်းနဲ့ ပြေးထွက်သွားလေတယ်.....
Jin Woo ရော Xing ရော အခြေအနေကို
နားမလည်နိုင်ပဲနဲ့ ပြေးထွက်သွားတဲ့
Oh Sehun ကျောပြင်ကိုသာ ကြည့်ရင်း
ကျန်ခဲ့ရတယ်.....
"Jin woo....Hun က ရုတ်တရက်
ဘာဖြစ်တာလဲဟ
မင်း မလာခင်တုန်းက ဖုန်းသုံးနေတာ
အကောင်းကြီးပဲကို"
"အင်း....ဟို သတင်းကြောင့်လားမှ မသိပဲ"
Jin Woo လက်ညှိုးထိုးပြတဲ့ နေရာကို
ကြည့်မိတော့မှTV မှာ ခုနလေးတင်
ဖြစ်ပွားခဲ့တဲ့ လူသတ်မှုအကြောင်းကို
ကြေညာနေတာကို တွေ့ရတယ်.....
"အဲ့တာက Hun နဲ့ ဘာဆိုင်လို့တုန်း...."
"Noona ကလည်း အောက်က စာတန်းကို
ဖတ်ကြည့်လေ.....Mr.Oh တို့ ရပ်ကွက်ထဲကတဲ့"
"ကျောင်းသား လူသတ်မှုဆိုတာနဲ့ပဲ
အဲ့ကျောင်းသားက Luhan ဖြစ်နိုင်လို့လား"
"ဘယ်လိုလို့ ဖြစ်နိုင်မှာတုန်း......
Mr.Oh တို့ တိုက်ခန်းရှေ့မှာ body guard
နှစ်ယောက်တောင် ရှိတဲ့ဟာ"
"ဟင်....body guard တွေ ဟုတ်လား"
"ဟုတ်တယ်.....Mr.Oh က Luhan ကို
စိတ်မချဘူးဆိုလို့ Mr.Oh အိမ်က ထွက်လာကတည်းက
ကျနော် သူတို့ တိုက်ခန်းရှေ့ကို လူလွှတ်ခိုင်းထားတာ"
"အဲ့လူတွေ ရှိတာ Hun က မသိလို့လား"
"သိသားပဲ....အဲ့လိုထားဖို့ သူပဲ အမိန့်ပေးထားတဲ့ဟာ"
Yi Xing ခေါင်းတွေပါ ချာချာလည်ချင်သွားသည်.....
အစောင့်နှစ်ယောက်တောင် ရှိနေမှတော့
တိုက်ခန်းထဲ ဝင်ပြီး ဘယ်သူ့က Luhan ကို
သတ်သွားမှာတဲ့တုန်း....
အဲ့တာကို Hun က ဒီလောက်တွေတောင်
ပြာယာခတ်ပြီး အပြေးတပိုင်းနဲ့.....
ESTÁS LEYENDO
•~ ENDLESS ~•
Fanfictionလူကြီး....အချစ်ဆိုတာ ဘယ်လိုမျိုးလဲ ရယူခြင်းတို့ ပေးဆပ်ခြင်းတို့ လူတွေ အမျိုးမျိုး ငြင်းခုန်နေကြချိန်မှာ ကျနော်ကတော့ သေချာပြောနိုင်တယ်....အချစ်ဆိုတာ လူကြီး ကိုယ်တိုင်ပါပဲ..... အချစ်က အတ္တကြီးသလို ကိုယ်ကလည်း အတ္တကြီးတယ် ကလေး....အမှန်ဆို မင်းက ကိုယ့်စိတ်...
Part 7
Comenzar desde el principio
