|| NOTE ||

340 46 7
                                    

Hello ! It's me , Aries !

Winter Story လေးကို ဖတ်ပေးခဲ့ကြတဲ့အတွက် reader တယောက်ချင်းစီကို ကျေးဇူးတင်ပါတယ်။

ဒီ fiction လေးက story description မှာရေးထားသလိုပဲ XiuHan ရဲ့ Yaoi Fic Book ထဲမှာ Aries ရေးခွင့်ရလို့ ရေးပေးခဲ့တဲ့ fiction လေးပါ။ စာအုပ်ထဲမှာပါခွင့်ရတော့ အစွမ်းကုန်ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် Aries အတွက် ဇာတ်သိမ်းပိုင်း အနောက်ခန်းတွေကို လုံးဝသဘောမကျပါဘူး။ ဇာတ်လမ်းက အရမ်းရှည်သွားမှာစိုးတဲ့အတွက် အခန်းတော်တော်များများကိုလည်း ဖြတ်ထုတ်ပစ်ရပါသေးတယ်။ ဇာတ်သိမ်းခန်းမလှသလို တချို့အခန်းတွေမှာလည်း လိုအပ်တာတွေအများကြီးရှိနေပါသေးတယ်။ အချိန်ရရင်တော့ extra တွေထပ်ဖြည့်ရေးချင်ပါသေးတယ်။

ဒါပေမယ့်လည်း အပိုင်းတစ်ပိုင်းချင်းစီမှာ vote ပေးခဲ့ကြတဲ့သူတွေ၊ comment ပေးခဲ့ကြတဲ့သူတိုင်းကို တကယ်ကျေးဇူးတင်ပါတယ်။ အရမ်းလည်းချစ်ပါတယ်။
[ story update လိုက်တိုင်း သတိတရနဲ့ vote ပေးသွားတဲ့သူလေးတွေ comment လာရေးပေးသွားတဲ့ တယောက်ချင်းစီကို မှတ်မိနေပါတယ် 💜 ]

XiuHan author တွေနဲ့အတူ စာအုပ်ထဲမှာ တစုတစည်းတည်းရေးခွင့်ရတဲ့အတွက် ဂုဏ်ယူမိပါတယ်။ ကိုယ်ပိုင် acc လေးမှာလည်း အမှတ်တရအနေနဲ့ သိမ်းထားချင်တဲ့အတွက် wattpat မှာ တင်လိုက်ရတာပါ။

Aries အတွက် XiuHan ဆိုတဲ့ OTP လေးက အရမ်းကို အရေးပါ ပါတယ်။
ဒီအတိုင်းလေး ရေရွတ်မိရင်တောင် ရင်ထဲအထိ နွေးထွေးမှုပေးနိုင်ပါတယ်။ keyboard မှာ XiuHan ဆိုတာလေး typing ရိုက်နေချိန်၊ တစုံတယောက်ရဲ့ XiuHan ဆိုတဲ့စာသားလေး ဖတ်မိတဲ့အချိန် အလိုလိုကြည်နူးမိပါတယ်။ အကယ်၍များ Aries ရေးတဲ့ XiuHan fiction လေးတွေဖတ်ရင်း စက္ကန့်ပိုင်းလောက်ပဲ စာဖတ်သူတို့စိတ်ထဲမှာ XiuHan ဆိုတဲ့ လူသားနှစ်ယောက်ကို တွဲမြင်မိသွားတယ်ဆိုရင် ကျေနပ်ပါပီ။

Aries တို့ shipper တွေရဲ့ရင်ထဲမှာ XiuHan ဆိုတာ အမြဲရှိနေသရွေ့ သူတို့နှစ်ယောက်ဟာ ဘယ်တော့မှ မဝေးပါဘူး။ [ XiuHan ဆိုတာ စကားလုံးတစ်လုံးထက်ပိုပါတယ်။ ]

~ ကမ္ဘာကြီးရဲ့ ဘယ်နေရာကိုရောက်ရောက် နှလုံးသားထဲက ယုံကြည်နေရင် သူ့ရဲ့ရင်ခုန်သံကိုကြားနေရမှာပါ။ ~

ကျေးဇူးတင်ပါတယ်။
XiuHan ရဲ့ Aries.
4.8.2017 || 00:27 AM

♦ WINTER STORY ♦ || COMPLETE ||Where stories live. Discover now