အပိုင်း { ၅ }

311 50 4
                                    

~•~ ~•~
Winter Story 
~•~ ~•~

~ 5 ~

ဆောင်းညဟာ ယခင်ညများလို နှင်းဖတ်တို့ကျနေသံ တဘုတ်ဘုတ်နဲ့။ ပတ်ဝန်းကျင်ဟာ လရောင်ဆမ်းလျှက် ညဥ့်နက်လာသည်နှင့်အမျှ ချမ်းစိမ့်ကာတိတ်ဆိတ်လို့နေသည်။ သို့ပေမယ့် တယောက်အိပ်ကုတင်ပေါ်က မင်ဆော့နှင့်လုဟန်အတွက် ချွေးထုတ်ခန်းထဲ ရောက်နေသလိုခံစားမိသည်။ ချွေးမထွက်သော်လည်း ပူစပ်စပ်နှင့်။ တခါတခါ လည်ချောင်းခြောက်သလို ခံစားမိသောကြောင့် ခဏခဏ သထွေးမြိုချနေရသည်။ ကျဉ်းမြောင်းတဲ့ ကုတင်ပေါ်မှာ လုဟန်နဲ့မင်ဆော့သည် တောင်နှင့်မြောက်အဝေးကြီးတိုးလျှက်ရှိနေ၏။ အိပ်မပျော်တဲ့အတွက် မင်ဆော့ဟာ ဟိုဖက်လှည့်လိုက် ဒီဖက်လှည့်လိုက်နှင့်။ တခါလှည့်တိုင်း ကုတင်ဟာ တကျွီကျွီမြည်နေသည်။ နောက်ဆုံးမင်ဆော့ဟာ ပတ်လက်လှန်အိပ်ရင်း ရင်ဘတ်အထိ စောင်ကိုဆွဲတင်လိုက်သည်။

" ဘာလို့လှုပ်စိလှုပ်စိဖြစ်နေတာလဲ မအိပ်သေးဘူးလား "

မင်ဆော့လှုပ်ရှားသံဟာ မကျယ်ပေမယ့် အာရုံစိုက်နေတဲ့လုဟန်အတွက်တော့ စကားစပြောရန် အကြောင်းဖြစ်လာသည်။

" အိပ်ယာပြောင်းရင် အိပ်မပျော်တဲ့အကျင့်ရှိလို့ "

လုဟန်ဟာ ကုတင်ဘေးရှိ စာပွဲခုံပေါ်က ဖယောင်းတိုင်အား မီးညှိလိုက်သည်။ လိမ္မော်ရောင်မီးညွှန့်သည် တဖြည်းဖြည်းလောင်ကျွမ်းရင်း အမှောင်ထုအား မောင်းထုတ်ပစ်လိုက်သည်။

" အိပ်မပျော်မယ့်အတူတူ စကားပြောရအောင် "

လုဟန်ဟာ ကုတင်ရဲ့အလယ်သို့တိုးသွားလိုက်သည်။ တကယ်တော့ ဘယ်ကနေဘယ်လို စကားအစချီရမှန်းမသိ။ လုဟန်ဟာ လက်နှစ်ဖက်ကို ရင်ဘတ်ပေါ်တင်ရင်း မျက်နှာကြပ်ကိုသာ ကြည့်နေခဲ့သည်။ များပြားသော အကြောင်းအရာတို့အား ဘယ်လိုသီကုံး၍ပြောရင်ကောင်းမလဲဟု တွေးတောနေခြင်းဖြစ်သည်။ ထို့အတူ လုဟန်ဟာ မိမိရဲ့လျှို့ဝှက်ချက်အား မင်ဆော့ထံ ဝန်ခံရင်ကောင်းမလားဟု စဉ်းစားမိသည်။ လျှို့ဝှက်ချက်ဆိုသည်ထက် မင်ဆော့မမေးသော မေးခွန်းတချို့ပင်ဖြစ်သည်။ တကယ်တော့ မင်ဆော့ဟာ သူ့အကြောင်းကို မသိချင်တာလည်း ဖြစ်နိုင်သည်ဟု လုဟန်တွေးမိသည်။

♦ WINTER STORY ♦ || COMPLETE ||Where stories live. Discover now