အပိုင်း { ၇ } || final ||

507 58 14
                                    

~•~ ~•~
Winter Story 
~•~ ~•~

~ 7 ~

နေရောင်ခြည်သည်နွေးထွေးလျှက်။ ရင်မှည့်နေပီဖြစ်သော ရွှေရောင်စပါးခင်းဟာ လေအရှိန်မှာ ယိမ်းနွဲ့လျှက်။ အရွက်စိမ်းတို့ဝေနေတဲ့ ပန်းသီးပင်ကြီးဟာ လယ်ကွင်းတဖက်မှာ အနီရောင်ပန်းသီးတွေနဲ့ ဝေဝေဆာဆာ ရှိနေသည်။ အရိပ်ကျနေတဲ့ မြက်ခင်းပြင်မှာ လူတယောက်ဟာ ပင်စည်ကိုမှီရင်း စာအုပ်ဖတ်လို့နေသည်။

" နွေးထွေးသည် …
ဆောင်းဖြစ်လျှက် အကြင်သူကြောင့် နွေးထွေးသည်
အထီးကျန်သည် …
မထားရစ်ခဲ့ပါလျှက် အကြင်သူကြောင့် အထီးကျန်သည်
လွမ်းမိသည် …
ချစ်သူမဟုတ်ပါလျှက် အကြင်သူကြောင့် လွမ်းမိသည်
တမ်းတသည် …
နှလုံးသားချင်း မရင်းနှီးခဲ့ပါလျှက် အကြင်သူကြောင့် တမ်းတသည်
ထို့အတူ … … "

သူဟာ ဆက်မဖတ်တော့ပဲ စာအုပ်ကို ပိတ်လိုက်သည်။
တချိန်ကရွှေညိုရောင်ဆံနွယ်တို့သည် ယခုတွင် အဖြူရောင်တို့ရောနှောလျှက်။ စာအုပ်ကိုင်ထားသော ပြည့်ဖောင်းသောလက်တို့သည် အရေတွန့်ကာနေ၏။ ပါမောက္ခဂင်မင်ဆော့သည် အငြိမ်းစားယူခဲ့သည်မှာ နှစ်နှစ်ကျော်လုပီဖြစ်သည်။ ကျန်ရစ်သော သက်တမ်းအား တောအုပ်နားရှိအိမ်ကြီးတွင် အနားယူလျှက်ရှိသည်။ မင်ဆော့သည် ညနေတိုင်း တောအုပ်အစပ်သို့လာကာ ကဗျာဖတ်လေ့ရှိသည်။

" ဒီနေ့တော့ ဒီအထိပဲ … အသက်ကြီးလာလို့လားမသိဖူး
ဒါလေးဖတ်ရတာကို မောနေပီ "

မင်ဆော့သည် တောအုပ်အား ငေးကြည့်ရင်း ပြောလိုက်ခြင်းဖြစ်သည်။

" … ထို့အတူ မြတ်နိုးမိသည် …
တကြိမ်တခါမျှ ပိုင်ဆိုင်ခဲ့ဖူးခြင်း မရှိသော်ငြား
အကျွန်ုပ်သည် အကြင်သူကြောင့် ပြည့်စုံရပါသည် "

တောအုပ်ထဲရှိ မြင့်မားသော တောင်ထိပ်တွင် ရွှေရောင်အမွှေးတို့နှင့် သန်စွမ်းသော သမင်တကောင်ရပ်လျှက်ရှိသည်။ ကြာမြင့်သောသက်တမ်းကြောင့် ရွှေသမင်၏ ဦးဂျိုတို့သည် ဒဏ်ရာတချို့နှင့် ကျိုးပဲ့လျှက်။ သို့တိုင်မျက်လုံးတို့သည် တချိန်တခါကလို တောက်ပနေဆဲ။ ရွှေသမင်ခေါင်းဆောင်လုဟန်သည် တောအုပ်အစပ်မှ မင်ဆော့ရဲ့ကဗျာအား အဆုံးသတ်ရွတ်ဆိုပေးခဲ့သည်။

" မင်းက ဒီကဗျာကို သိနေတာပဲ "

မင်ဆော့ဟာ နက်နဲသော တောအုပ်မှ လုဟန်၏ အကြည့်စူးစူးကို ခံစားမိသည်။ ထို့နောက် မျက်ဝန်းများမှိက်လျှက် ဝှေ့တိုက်သွားသော လေပြေနှင့်အတူ လုဟန်၏နှလုံးခုန်သံတိုးတိုးအား ကြားမိသည်။ ထို့အတူ တချွင်ချွင်မြည်နေသော ခေါင်းလောင်းသံကိုလည်း ကြားရသည်။ လက်ဆတ်သောလေညှင်းသည် ဆောင်းအားခေါ်ဆောင်ပြန်သည်။ မြူနှင်းတို့ဝေရင်း ဖြူဖွေးသောနှင်းထုအား တဖန်ပြန်ကြုံရဦးပေမည်။ ဆောင်းရာသီတွင်စတင်၍ ဆောင်းရာသီတွင်ပီးဆုံးသည်။ သူတို့နှစ်ယောက်၏ သံယောဇဉ်သည် နှင်းပွင့်တို့သက်သေဖြစ်သည်။ ။

~•~ ~•~

ပြီးပါပြီ

XH_Aries
8.5.2017

♦ WINTER STORY ♦ || COMPLETE ||Where stories live. Discover now