အပိုင်း { ၁ }

1.1K 80 8
                                    


~•~ ~•~
Winter Story 
~•~ ~•~

~ 1 ~


" ရှေးရှေးတုန်းက မှော်ဝန်တောအုပ်ကြီးထဲမှာ တိရစ္ဆာန်ပေါင်းစုံဟာ ချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံးနဲ့ အတူတူနေထိုင်ကြတယ်တဲ့ … အဲ့လိုပဲ နတ်သမီးတွေ နတ်သားတွေ ကောင်းကင်တမန်တော်တွေဟာလည်း သာယာတဲ့တောထဲကို အလည်အပတ်လာကြတယ် … ရွှေရောင်အဆင်းရှိပီး သန်မာတဲ့ရွှေသမင်တွေလည်းပါတာပေါ့ … အဲ့ဒီရွှေသမင်တွေဟာ တကယ့်ကိုလှပပီး ရွှေရောင်လိုတောက်ပနေတယ် … ပီးတော့သူတို့က ပျံနိုင်တယ် … အထူးခြားဆုံးက သူတို့ဟာ လူသားအသွင်ပြောင်နိုင်ကြတယ်တဲ့ …  မှော်ဝန်တော်ကြီးကိုစောင့်ရှောက်တဲ့ နတ်ဖိုးဖိုးကြီးက သူ့ရဲ့စီးတော်အနေနဲ့ အဲ့ဒီရွှေသမင်တွေကို အသုံးပြုခဲ့တယ် … ဒီလိုနဲ့ သူတို့ဟာ တယောက်နဲ့တယောက် အပြန်အလှန် ကူညီဖေးမရင်း တောထဲမှာ ပျော်ရွှင်စွာ နေထိုင်ကြတယ် …
အဲ့ဒီနေ့ မရောက်ခင်ထိပေါ့ … … "

နစ်မောဖွယ်အသံချိုချိုဟာ မောဟိုက်သံနဲ့အတူ ခေတ္တရပ်နားသွားသည်။
ချမ်းအေးတဲ့ ဆောင်းဒဏ်ကိုအံတုရန် စောင်ပုံထဲကွေးနေရှာသော ကလေးငယ်သည် မှေးစင်းနေသော မျက်လုံးတို့အား ပွတ်သပ်လိုက်ပီး အသံပိုင်ရှင်အား မော့ကြည့်ရှာသည်။

" အဲ့ဒီနေ့ … အဲ့ဒီနေ့ကဘာဖြစ်လို့လဲ မေမေ ဆက်ဖတ်လေ … "

မိခင်သည် သူမ၏သားငယ်အား နှစ်ခြိုက်စွာပြုံးပြရင်း ဆံနွယ်ပျော့ပျော့တို့အား
ခပ်ဖွဖွပွတ်လိုက်၏။

" ဖြည်းဖြည်းပေါ့ မင်ဆော့လေးရယ် … မေမေဖြည်းဖြည်းချင်းဖတ်ပြမှာပေါ့ "

ထို့နောက် ဝါညစ်ညစ်စာရွက်အား တဖက်သို့လှန်လိုက်သည်။
နှစ်ပေါင်းများစွာ လက်ဆင့်ကမ်းလာသော အမွေတခုလို ပုံပြင်စာအုပ်သည် အိုဟောင်းနေပီဖြစ်သည်။ ထိန်းသိမ်းမှုကြောင့်သာ ယနေထိတိုင်တည်ရှိနေနိုင်ခြင်းပင်။

" အဲ့ဒီနေ့ဟာ နတ်ဖိုးဖိုးကြီးရဲ့ သက်တော် ၇၀၀ ပြည့်တဲ့နေ့ဖြစ်တယ် … နတ်သားနတ်သမီးတွေ တောထဲက တိရစ္ဆာန်လေးတွေသာမက နီးစပ်တဲ့တိုင်းပြည်တချို့က လူသားဘုရင်တွေတောင် လာရောက်ဂုဏ်ပြုပေးကြတယ် …
ဒါပေမယ့် လူသားဘုရင်တယောက်ကတော့ ရောက်မလာခဲ့ဘူး … သူဟာ အာဏာရှင်တယောက်လိုပဲ တိုင်းသူပြည်သားတွေအပေါ် နှိပ်စက်တယ် ဒါကိုသိတဲ့ နတ်ဖိုးဖိုးကြီးက သနားစရာကောင်းတဲ့ပြည်သူတွေကို အကူအညီပေးခဲ့တယ် …  သူ့ရဲ့နှိပ်စက်ဒဏ်ကို မခံနိုင်တဲ့ပြည်သူတွေဟာ နတ်ဖိုးဖိုးကြီးရှိတဲ့ တောအုပ်အစပ်မှာ ကိုယ်ပိုင်အိမ်လေးတွေဆောက်ပီး လာရောက်နေထိုင်ကြတယ် … အဲတာကို လူသားဘုရင်က မကျေနပ်ခဲ့ဘူး သူဟာ အာဏာရှင်ပီပီ မြို့ရွာတွေကို တိုက်ခိုက်ပီး အင်ပါယာချဲ့တယ် … လက်နက်အင်အားစုဆောင်းပီး နတ်ဖိုးဖိုးကြီးနေထိုင်တဲ့ မှော်ဝန်တောကို သိမ်းပိုက်ဖို့ကြံစည်ပေမယ့် … သူဟာနတ်ဖိုးဖိုးကြီးကို ဘယ်တော့မှမနိုင်ခဲ့ဘူး …
ဒါပေမယ့် သူဟာ နတ်ဖိုးဖိုးကြီးရဲ့ မွေးနေ့မတိုင်ခင်ကတည်းက မကောင်းတဲ့အကြံစည်တခုကိုကြံစည်နေခဲ့တယ် … အဲတာကတော့ … နတ်ဖိုးဖိုးကြီးကိုဆက်သမယ့် မုန့်အချိုပွဲထဲမှာ အဆိပ်တချို့ခတ်ခဲ့ဖို့ပဲ … သူဘယ်လိုလုပ်ခဲ့လဲဆိုတော့ … နတ်ဖိုးဖိုးကြီးရဲ့ စီးတော်ရွှေသမင်တွေကို စောင့်ရှောက်ရတဲ့ သူ့တိုင်းသူပြည်သားတွေရှိတယ် သူဟာသူ့ရဲ့လူယုံတယောက်ကို သူလျိုလုပ်ခိုင်းပီး ရွှေသမင်စောင့်ရှောက်ရတဲ့မျိုးနွယ်စုထဲမှာ နှစ်ပေါင်းများစွာ ရုပ်ဖျက်ပီးနေခိုင်ခဲ့တယ် …
ဒီလိုနဲ့ မွေးနေ့ပွဲကျင်းပမယ့်နေ့ရောက်လာခဲ့တယ် … တိုင်းပြည်အမြောက်အများကနေ နတ်ဖိုးဖိုးကြီးကို များစွာသော လက်ဆောင်ပဏ္ဍာတွေဆက်သကြတယ် … အဲ့ဒီထဲမှာမှ ရွှေသမင်စောင့်ရှောက်တဲ့မျိုးနွယ်လည်းပါခဲ့တယ် … ရက်စက်တဲ့လူသားဘုရင်ရဲ့လူယုံဟာ အဆိပ်ရည်တချို့စမ်းထားတဲ့ မုန့်သရေစာကို ဆက်သခဲ့တယ် …
တကယ်တော့ အစားအသောက်တွေကို ရွှေသမင်တွေဟာ အရင်ဆုံး နမ်းရှုံကြည့်ပီးမှသာ နတ်ဖိုးဖိုးကြီးက သုံးဆောင်မြဲဖြစ်တယ် … ရိုးသားပီး သစ္စာစောင့်သိတဲ့ ရွှေသမင်တွေဟာ သူလျိုယူလာတဲ့ အဆိပ်မုန့်ကို မနမ်းရှုံခဲ့ပဲ ဆက်သမိတယ် … ဒီလိုတွေကြောင့် နောက်ဆုံးမှာ နတ်ဖိုးဖိုးကြီးဟာ ရွှေသမင်တွေရဲ့ ပေါ့ဆမှုကြောင့် အဆိပ်သင့်ပီး သေဆုံးခဲ့ရတော့တယ် … နတ်ဖိုးဖိုးကြီးကွယ်လွန်တဲ့အခါ တောတောင်တွေကို ကာရံထားတဲ့အစွမ်းတွေဟာလည်း နတ်ဖိုးဖိုးကြီးနဲ့အတူ ပျောက်ဆုံးသွားခဲ့တယ်တဲ့ … အချိန်ကောင်းကိုစောင့်နေတဲ့ လူသားဘုရင်ဟာ နောက်ဆုံးမှာတော့ မှော်ဝန်တောကြီးကို သိမ်းပိုက်ပီးအုပ်ချုပ်ခဲ့တယ် … ရက်စက်တဲ့လူသားဘုရင်ရဲ့ အုပ်ချုပ်မှုဒဏ်ကို မခံချင်ကြလို့ တိရစ္ဆာန်တွေ အသက်ဝင်နေတဲ့ သစ်ပင်တွေဟာ ပူဆွေးသောကရောက်ကြရတယ် … အဲ့တာကြောင့် နတ်သားနတ်သမီးတွေဟာ သူတို့ကို ဟိုးနက်နဲတဲ့တောအုပ်တနေရာမှာ နတ်အစွမ်းနဲ့ဖွက်ပေးထားခဲ့တယ် …
ဒါပေမယ့် အပြစ်ရှိတဲ့ ရွှေသမင်တွေကိုတော့ ဝင်ခွင့်မပေးခဲ့ဖူး … သူတို့ဘယ်လိုတောင်းပန်ပါစေ … နတ်သားနတ်သမီးတွေဟာ ဝင်ခွင့်မပေးခဲ့ပါဖူးတဲ့ … မလုံခြုံတဲ့သူတို့ဟာ ရက်စက်တဲ့လူသားဘုရင်ရဲ့ နှိပ်စက်ခြင်းကို ခံခဲ့ရတယ် … သူတို့ကိုစောင့်ရှောက်တဲ့လူသားတွေဟာ ဘုရင်ကြီးရဲ့ ပြည်သူတွေမှန်းသိသွားတဲ့အခါမှာတော့  ရွှေသမင်တွေဟာ လူသားမျိုးနွယ်ကို မုန်းတီးပီးရင်း မုန်းတီးနေခဲ့တယ် … လူသားတွေနေထိုင်တဲ့ တောအုပ်အစပ်ကိုသွားပီး အမြဲလိုလိုသောင်းကျန်းကြတယ် … လူသားတွေနေတဲ့အိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြတယ် … လူသားနဲ့ရွှေသမင်တွေနဲ့တိုက်ခိုက်ကြတဲ့အခါမှာ လူသားတွေဖက်က ဆုံးရှုံးမှုရှိခဲ့သလို ရွှေသမင်တွေဟာလည်း သေဆုံးခဲ့ပါတယ် …
ဒီလိုနဲ့ တဖြည်းဖြည်း လျော့နည်းသွားခဲ့တဲ့ ရွှေသမင်တွေဟာ သူတို့မျိုးဆက်အတွက် လူသားတွေနဲ့ ဘယ်လိုမှမတွေ့အောင်တိမ်းရှောင်ပီး တောအုပ်ရဲ့တနေရာမှာ ပုန်းကွယ်နေခဲ့ကြတော့တယ်တဲ့
… တချိန်က သာယာလှပခဲ့တဲ့ မှော်ဝန်တောအုပ်ကြီးဟာ သာမန်သစ်ပင်တွေရယ် တိရစ္ဆာန်တချို့ရယ်သာ ရှိတော့တယ်တဲ့ … တေးဆိုနေတဲ့ငှက်ကလေးတွေ ယိမ်းနွဲစွာပနေတဲ့ သက်ရှိနွယ်ပင်တွေ စကားပြောတတ်တဲ့တိရစ္ဆာန်တွေလည်း မရှိကြတော့ဘူး လှပပီးရွှေရောင်အဆင်းရှိတဲ့ ရွှေသမင်ပျိုတွေဟာလည်း လူသားအသွင်မပြောင်းကြတော့ဘူး … ဘယ်သူမှလည်း ရှာမတွေ့နိုင်တော့ပါဘူးတဲ့ … "

♦ WINTER STORY ♦ || COMPLETE ||Where stories live. Discover now