အပိုင်း { ၃ }

351 56 13
                                    

~•~ ~•~
Winter Story
~•~~•~

~ 3 ~


သစ်သားခုံရှည်စားပွဲကြီးထိပ်မှာ စတီးဇွန်းတချောင်းနဲ့ လုဟန်ဟာ ညိမ်ညိမ်သက်သက်လေး ညစာစားလို့နေသည်။ အသားမပါတဲ့ပန်းကန်ထဲမှာ အသီးအရွက်စုံလင်လို့။ နဘေးကထိုင်နေတဲ့ မင်ဆော့ကတော့ ပါလာသောဘီစကွတ်တွေကိုသာ နွားနို့နဲ့ခပ်ပျစ်ပျစ်ဖျော်ပီး သောက်နေသည်။

" သက်သက်လွတ်စားတာလား "

မင်ဆော့က ဘီစကွတ်မုန့်တွေကိုနာနာခေါက်ရင်း စကားစလိုက်သည်။
လုဟန်သည် မျက်စိရှေ့က ပါမောက္ခဆိုသည့် မင်ဆော့အား ငေးကြည့်မိသည်။ အညိုရောင်ဆံပင်တွေကို ဂျယ်နှင့်အနောက်သို့လှန်တင်ထားပီး ညအိပ်လက်ရှည်အင်္ကျီထူထူကြောင့် မင်ဆော့ပုံစံသည် လူကြီးတယောက်လိုပင်။

" မင်းဒီမှာနေမယ်ဆိုရင် အသားကိုတတ်နိုင်သလောက်မစားနဲ့ "

" အင်းပါ "

လုဟန်က မင်ဆော့ရဲ့နွားနို့ပန်းကန်ကိုကြည့်ပီးပြောလိုက်တာကြောင့်  မင်ဆော့ဟာမျက်မှန်ကိုပင့်တင်ရင်း ဆူပုတ်ပုတ်ပြန်ဖြေသည်။
တကယ်ဆို မင်ဆော့ကိုယ်တိုင်လည်း အသားငါးသိပ်မစား။ အသက်အရွယ်ကြောင့် လိုအပ်တဲ့အာဟာရအတွက် ဖြည့်တင်းရုံသာ။

" ဒီမှာဘယ်လောက်ကြာကြာနေမှာလဲ "

" တလလောက်ပါပဲ စာတမ်းအတွက်ခဏပဲနေမှာ "

ဒီတောအုပ်ကြီးကိုကာကွယ်ဖို့လာတာ။ ထူးဆန်းတဲ့သတ္တဝါတွေရှိကြောင်း သက်သေပြမလို့ ဆိုတဲ့စကားတွေကို မင်ဆော့မပြောခဲ့ပါ။ ပြောစရာမလိုဖူးဟုလည်း မင်ဆော့ထင်မိသည်။

" မင်းကရော နေစရာမရှိလို့ ဒီမှာ လာနေတာလား "

မင်ဆော့မေးခွန်းကြောင့် ပန်းကန်သိမ်းဖို့ထွက်သွားတဲ့ လုဟန်ကျောပြင်ဟာ တောင့်တင်းလို့သွားသည်။ ဤမေးခွန်းသည် မင်ဆော့တကယ်သိချင်နေမိသော မေးခွန်းဖြစ်သည်။ တအိမ်လုံးတွင်မည်သူမျှမရှိသလို မိသားစုဓာတ်ပုံဆိုတာလည်းမရှိပေ။

" ငါ့ကိုရှာမယ့် လူတယောက်ကိုစောင့်နေတာ "

တိတိဆိတ်နေတဲ့ ပတ်ဝန်းကျင်ဟာ အပြင်ဘက်ကဆီးနှင်းကျသံ တဘုတ်ဘုတ်သာကြားနေရသည်။ လုဟန်ဟာ ဒီမေးခွန်းအတွက် ကြိုတင်ပြင်ဆင်ထားသလိုပဲ။ သူ့ပုံစံအတိုင်း အေးစက်စက်ပြန်ဖြေသည်။ စားသောက်ပီးသားပန်းကန်ကိုဆေးပီး လုဟန်ဟာ မီးဖိုဆောင်ထဲမှ ထွက်လို့သွားသည်။

♦ WINTER STORY ♦ || COMPLETE ||Onde as histórias ganham vida. Descobre agora