အပိုင်း { ၂ }

431 62 7
                                    

~•~ ~•~
Winter Story
~•~ ~•~

~ 2 ~


" ပါမောက္ခ ... "

မှန်တခါးကိုတွန်းဖွင့်ရင်း ဝင်လာသည့် အတွင်းရေးမှူးမလေး။ မွှေးပျံ့နေတဲ့အကောင်းစားရေမွှေးနံ့ရယ် နီရဲနေတဲ့ နှုတ်ခမ်းနှစ်လွှာ။ ဖိုင်တချို့ကိုင်ထားတဲ့သူမလက်တွေဟာ အမျိုးအမည်မတပ်တတ်သည့် ကာလာစုံလက်သည်းရှည်တွေ။ ရာစုနှစ်တချို့ပြောင်းလဲပီး အရာအားလုံးဟာ သစ်လွင်တောက်ပလို့ ခေတ်ရဲ့တိုးတတ်မြန်နှုန်းကို လိုက်မမှီဘူး။

" ... လွန်ခဲ့တဲ့ နာရီပိုင်းလောက်က သဘာဝတောအုပ်ကို လေလံစွဲဖို့ အစိုးရကတရားဝင်ခွင့်ပြုလိုက်ပီ "

" ဘာ ! "

ပါမောက္ခရဲ့ ထိတ်လန့်သံဟာ မှန်အခန်းကျယ်ထဲ ဟိန်းထွက်သွားသည်။
အတွင်းရေးမှူးမလေး ပြသော ဖိုင်တွဲတွေကို လှပ်ကြည့်လိုက်တော့ ရှည်လျားတဲ့အမိန့်စာတွေအောက် အနက်ရောင် တံဆိပ်တုံးရာလှလှလေးက နေရာယူနေသည်။

" ဒီတောအုပ်က ဘယ်သူမှမပိုင်ဘူးလေ ... ဘယ်လိုစဉ်းစားဥာဏ်နဲ့များ ခွင့်ပြုပေးလိုက်တာလဲ ... တောက်! "

အခဲမကျေ ရေရွတ်ရင်း စားပွဲခုံကိုထုလိုက်သေးသည်။

" လေလံပွဲက နောက်လလောက်ဆို လုပ်ကြတော့မယ်တဲ့ "

ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ရဲ့ အတွင်းရေးမှူးလည်းဖြစ်သလို သစ်တောတက္ကသိုလ်ရဲ့ ပါမောက္ခဖြစ်တဲ့အလျောက် ဒီကိစ္စကို မကျေနပ်ဘူး။ လေလံအပြိုင်ဆွဲကြရင် ဘယ်သူနိုင်မည်ဆိုတာ တန်းသိနေတဲ့အတွက် ပါမောက္ခဟာ ချက်ချင်းပဲကန့်ကွက်စာရေးဖို့ ပြင်လိုက်သည်။

စာရိုက်သံတချောက်ချောက်နဲ့ တခါတခါထမြည်တတ်တဲ့ ကွန်ပျုတာရဲ့တီခနဲ အသံတွေအဆုံး မှောင်သွားတဲ့ပတ်ဝန်းကျင်မှာ အဖြူရောင်မီးရောင်ကအစားထိုးဝင်လာသည်။ အတွင်းရေးမှူးမလေးရဲ့ ပြန်တော့မယ်ဟူသောအသံကိုကြားလိုက်ပေမယ့် ပြန်မဖြေမိ။
နောက်ဆုံးတော့ လက်ဆစ်တွေချိုးရင်း အပျင်းကြောဆန့်ကာ ပီးမြောက်သွားတဲ့ အစီရင်ခံစာကို ပြန်ဖတ်ကြည့်လိုက်သည်။

♦ WINTER STORY ♦ || COMPLETE ||Where stories live. Discover now