"omm.....ကလေး"

သူ့ ရင်ဘက်ပေါ် အသာ ခေါင်းမှေးတင်ရင်း
နားထောင်ဖြစ်တော့ ချစ်ရသူရဲ့
ရင်ခုန်သံစည်းချက်တွေက ပိုပြီး မြန်ဆန်လာတယ်.....
ကလေးလို့ ခေါ်လိုက်တိုင်း သူ ရင်ခုန်လာတတ်တာ......
ကျနော့်လူကြီးက ဘယ်လိုတောင် ချစ်ဖို့
ကောင်းလိုက်သလဲ ဆိုတာ.....

"ပြော"

"မနက်က ကိုယ့်ကို ဘာလို့ စိတ်ဆိုးရအောင် လုပ်တာလဲ...."

"Xiao Lu က ဘာလုပ်မိလို့....."

"ကလေး Xing ရှေ့မှာ အဲ့လို အဝတ်အစားမျိုး
ဝတ်ပြီး ထွက်မလာသင့်ဘူးလေကွာ....."

"Lu က အပေါ်ဆုံးက အကျႌပဲ ထုတ်ဝတ်လိုက်တဲ့
ဥစ္စာ.....သတိမှ မထားမိပဲရယ်"

"Xiao Lu....စကားကို အဲ့လို ပေါ့ပျက်ပျက် မပြောနဲ့
မင်း ဘာစိတ်ကူးနဲ့ ဝတ်ခဲ့လဲ မင်း အသိဆုံးပဲ"

စိတ်တိုလာတာမို့ သူ့ ရင်ဘက်ပေါ်က
ထမယ်လုပ်ပေမယ့် လက်နှစ်ဖက်လုံးကို
ဆွဲကိုင်ထားတာကြောင့် အရှိန်နဲ့ပဲ
သူ့ပေါ် ပြန်ပြုတ်ကျသွားရတယ်.....

"မသွားနဲ့....ကိုယ် မေးတာကို ဖြေ"

စိတ်ထဲ ရှိတဲ့ အတိုင်း ဖြေလိုက်ရင်လည်း
ခင်ဗျား ကျေနပ်မှာမှ မဟုတ်တာပဲ.....လူကြီးရာ
ကျနော့်ကို မစောင့်ပဲ Yi Xing noona ဆီကို
အရင်ထွက်သွားခဲ့လို့ ဆိုတဲ့ အဖြေကို ကြားရင်......
ခင်ဗျားက ဧည့်သည်ကို တစ်ယောက်ထဲ
စောင့်ခိုင်းထားလို့ ဖြစ်မလားကွ ဆိုတဲ့
အကြောင်းပြချက်နဲ့ ကျနော့်ကိုပဲ
ပြန်ပြီး အပြစ်တင်ဦးမယ်......

ကျနော် နာနေတာမို့ ထဖို့ မလွယ်မှန်း သိရဲ့သားနဲ့
ထားခဲ့တာကျတာရောလို့ ပြန်ချေပပြန်ရင်လည်း
ကိုယ့်အိမ်ကို ရောက်လာတဲ့လူကို
ထွက်မတွေ့ရင် ရိုင်းရကျမှာပေါ့လို့ ခင်ဗျားက
ပြန်တုံ့ပြန်လိမ့်ဦးမယ်.....

အဟက်.....ခင်ဗျား ပြန်ပြောမယ့် စကားတွေကို
အလွတ်ရနေလောက်တဲ့အထိ
ခင်ဗျားကို မြတ်နိုးမိနေတော့တာ......

ဒါပေမဲ့ တခြားအကြောင်းအရာတွေထက်
Xiao Lu က ပိုအရေးမကြီးဘူးလားဆိုတဲ့
မေးခွန်းရဲ့ အဖြေကိုတော့ ကျနော်
သိပ်မသေချာဘူး....လူကြီး

•~ ENDLESS ~•Tempat cerita menjadi hidup. Temukan sekarang