~•~•~•~•~•~•~•~•~•~•~•~•~•~•~•~

Luhan ကျောင်းထဲ ဝင်လာထဲက
မျက်နှာက မကောင်း.....ပါးမို့လေးတွေ
နီနေတဲ့ အပြင် နှာကလည်း တရှုံ့ရှုံ့ ဖြစ်နေသေးတယ်.....

"Xiao Han.....နေမကောင်းဘူးလား"

"အင်း....နည်းနည်း"

"ဂရုစိုက်ဦး.....စာမေးပွဲက တစ်ပါတ်ကျော်ကျော်ပဲ
လိုတော့တာနော်"

"Innie ရော....Soo"

"ခုနက ရောက်လာသေးတယ်.....မင်း
မလာသေးလို့ Library သွားလိုက်ဦးမယ် ပြောတယ်"

"Innie ဆီ ဖုန်းဆက်ပေး....ငါ့ဆီကို အခု လာပါလို့"

"ဖုန်း မပါလာဘူးလား...."

"Battery မရှိလို့...."

မနက်က ကျနော် Soo ကို အခေါ်ခိုင်းတော့
ချက်ချင်း ရောက်လာပြီး နေမကောင်းဘူးဆိုတာ
သိသွားတဲ့ Innie က နေ့လည် ထမင်းစား
ခဏ ဆင်းတော့လည်း ကျနော့် အခန်းကို
အပြေးအလွှား ရောက်လာရှာတယ်......

"Hannie.....နေလို့ မကောင်းဘူးလား"

နဖူးပေါ် လက်တင်ပြီး အပူငွေ့ စမ်းကြည့်ရင်းနဲ့
သူက တယုတယ မေးလာပြန်တယ်.....

"ခေါင်မိုးထပ် သွားရအောင် Innie.....
ငါ အိပ်ချင်တယ်"

"ကိုယ်က နွေးနေတာ.....
ခေါင်မိုးထပ်တော့ မသွားပါနဲ့လား
စတိုခန်းတွေထဲပဲ သွားမယ်လေနော်....."

"အင်း.......ကုန်းပိုး
Hannie ကို ကုန်းပိုး ခေါ်သွား ပေး"

"လာ....တက်"

ကျောင်းဆောင်တွေကို ကျော်သွားပြီး
စတိုခန်းတွေ ရှိတဲ့ဘက်ကို ကုန်းပိုးခေါ်လာခဲ့ပေမဲ့
ကျောင်းသားတွေက ထွေထူးပြီး
အံ့သြ မနေကြတော့.....အင်းလေ.....Kim Jongin က
Xiao Luhan ကို ကုန်းပိုးပြီး ကျောင်းထဲ
လျှောက်လျှောက်သွားနေတာ
တစ်ခါနှစ်ခါမှ မဟုတ်တော့ပဲ.......
ဒါတောင် လမ်းမှာ တွေ့ခဲ့တဲ့ ကာယဆရာမကို
မချိသွားဖြဲလေး ရီပြခဲ့ရသေးတယ်.....

"ပေါင်ပေါ်မှာ အိပ်ချင်တယ်....Innie"

"အောက်မှာဆို ဖုန်တွေ ပေကုန်မယ်လေ.....ပခုံးပေါ်မှာ အိပ်"

"ပခုံးပေါ်မှာဆို အိပ်လို့ သိပ်မကောင်းလို့....."

"ပေါ်ပေါင်မှာ ထိုင်ပြီးတော့ အိပ်လေ...."

•~ ENDLESS ~•Where stories live. Discover now