အဆင့်တစ်နေရာကို သူ့တစ်လှည့် ကိုယ့်တစ်လှည့်
ရယူရင်းနဲ့ ဒါမှမဟုတ် Aခန်းရဲ့ ပူးတွဲပထမဆိုတဲ့
ဘွဲ့ကို အတူတူ ဆက်ခံကြရင်းနဲ့ သူရော
ကျနော်ရော တစ်နှစ်ပါတ်လုံး
ပျော်ရွှင်စွာ ဖြတ်သန်းခဲ့ကြတယ်.....

အထီးကျန်နေတဲ့ ကျနော့်ကို သူ့က
ဖေးမပေးခဲ့တယ်....သူငယ်ချင်းအပေါင်းအသင်း
များများစားစား မရှိတဲ့ ကျနော့်ကို သူက
ယုံကြည်အားကိုးစေခဲ့တယ်.....
ကျနော့်ဘဝထဲမှာ သူဆိုတဲ့လူက ပိုပြီး
အရေးပါသထက် ပါလာခဲ့တယ်......

သူ့ရဲ့ အကြင်နာတွေ သူရဲ့ မေတ္တာတွေထဲမှာ
လုံးဝကို ပျော်ဝင်သွားမိခဲ့ပေမဲ့.......
သူ မရှိရင်ကို မဖြစ်တော့မယ့် အခြေအနေမျိုး
ရောက်ခဲ့ပေမဲ့......
သူ ကျနော့်အပေါ် ထားရှိတဲ့ အချစ်တွေကို
သေချာပေါက် မြင်ခဲ့ရဲ့သားနဲ့.....
ငယ်သေးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ပဲ
ကျနော် သူ့နှလုံးသားကို တွန်းထုတ်မိတယ်.....
ဒါပေမဲ့ သူနဲ့ ကျနော် ဘယ်တုန်းကမှ ဝေးမသွားခဲ့ကြပါဘူး......

~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•

သူကလည်း ကျနော့်ကို အရမ်းချစ်တယ်.....
ကျနော်ကလည်း သူ့ကို အရမ်းချစ်တယ်.....
ဒါပေမဲ့ ကျနော့်တို့ကြားထဲက ဆက်ဆံရေးတစ်ခုကို
အချစ်ပါလို့ ခေါင်းစဉ်မတပ်ရသေးခင်မှာပဲ
သူက ဦးနှင့်စွာ အချစ်ကို ရှာဖွေတွေ့ရှိသွားခဲ့တယ်.....

~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•

"Hannie.....အိမ်ရောက်ပြီလား"

"......."

"Hannie......ကိုယ် ပြောတာ မကြားရဘူးလား"

"သား.....Jongin"

"ဟင်.....Samchom
ဘာဖြစ်နေတာလဲ.....Hannie ဘာဖြစ်လို့လဲ"

Hannie car accident ဖြစ်ပြီး ဆေးရုံရောက်နေတယ်
ဆိုတဲ့ အကြောင်းကို Samchom ဆီက ငိုသံပါကြီးနဲ့
ကြားလိုက်ရတော့ စိုးရိမ်မှုဒီဂရီတွေက ပိုပြီး
မြင့်သထက် မြင့်လာရတယ်......
Samchom က ဘယ်လောက် ဝမ်းနည်းစရာရှိရှိ
မျက်ရည်မကျတတ်တဲ့ သူမလား.....
ခု Hannie က ဘယ်လောက်တောင်မှ
စိုးရိမ်နေရလို့......ပြီးတော့ operation ပါ
လုပ်နေရတယ်ဆိုတော့.......
အချစ်ရယ်.....ကျေးဇူးပြုပြီး ဘာမှ မဖြစ်လိုက်ပါနဲ့လား

•~ ENDLESS ~•Donde viven las historias. Descúbrelo ahora