ဆရာမတွေက ညည်းပြော ပြောကြသလို
အတန်းတစ်တန်းမှာ ထိပ်ဆုံးခန်းနဲ့ နောက်ဆုံးခန်းက
အဆိုးဆုံးပဲဆိုတာ တကယ်ပါပဲဗျာ.....
A ခန်းဆိုတဲ့ ထိပ်ဆုံးခန်း ဖြစ်နေပြီးတော့
တကယ့်ကို ပွတ်လောရိုက်နေတာ.....

"အားလုံးပဲ ဝင်ခွင့်ပြုပါ ခင်ဗျ.....
ကျနော်က ကျောင်းသားသစ်ပါ.....Kim Jongin လို့ ခေါ်ပါတယ်"

အခန်းထဲက စပ်စလူးမမတချို့ရဲ့ ချောချောလှလှ
ကျောင်းသားသစ်လေးကို ကြိုဆိုနေကြတဲ့
ဝူးဝူးဝါးဝါး အော်သံတွေကြားမှာ
အဲ့ကျောင်းသားသစ်က ကျနော့်ဆီကို
တလှမ်းချင်း လျှောက်လာနေခဲ့တယ်....

"Xiao Luhan ဆိုတာလား မသိဘူး"

"အင်း.....ဟုတ်တယ်"

"အတန်းပိုင်က Luhan ရဲ့ ဘေးနားက ခုံမှာ
ထိုင်ပါလို့ ပြောလိုက်လို့ပါ...."

"တွေ့ခဲ့ပြီလား....အတန်းပိုင်နဲ့"

"ဟုတ်....အခုလေးတင် နားနေခန်းမှာ တွေ့ခဲ့တာ"

"လာလေ....ထိုင်"

မရင်းနှီးသေးတဲ့ လူနဲ့ဆိုရင် မျက်နှာထား
တည်တည်တင်းတင်းနဲ့ ခပ်ပြတ်ပြတ်
ပြောတတ်တဲ့ ကျနော့်စရိုက်ကို သူက
နည်းနည်းလေးတောင် ကသိကအောက်
ဖြစ်ဟန်မပြပဲ အပြုံးချိုချိုတွေနဲ့ လက်ခံပေးခဲ့တယ်......
ဘယ်သူက သိနိုင်မှာလဲ.....
တချိန်ချိန်မှာ အဲ့အပြုံးတွေကို ကျနော်
အရမ်း မြတ်နိုးသွားမိတော့မယ် ဆိုတာ.....

ကျောင်းစဖွင့်တဲ့ နေ့ကနေစပြီးတော့
နေ့ရက်တိုင်း အချိန်တိုင်းမှာ သူက
ကျနော့် ဘေးမှာ အမြဲ ရှိနေပေးခဲ့တယ်......
ပေါင်းရသင်းရ ခက်တဲ့အပြင် နားလည်ပေးနိုင်ဖို့တောင်
သိပ်မလွယ်တဲ့ ကျနော့်ကို သူက အတတ်နိုင်ဆုံး
သည်းခံပေးခဲ့တယ်.....
ကျနော် သူ့ကို ငြိတွယ်မိခဲ့တယ်.....ဒါပေမဲ့
ဒါဟာ ဖြူစင်သော ငြိတွယ်ခြင်းလို့ပါပဲလို့
ကျနော် ဇွတ်မှိတ် ငြင်းနေခဲ့မိတယ်.....

ကျနော် သူ့ရဲ့ နွေးထွေးမှုတွေကို လိုချင်တပ်မက်စွာ
ခုံမင်လာတဲ့အချိန်မှာ သူကလည်း ကျနော့်ကို
အရင်ကထက် ပိုပြီး လုံခြုံလာစေခဲ့တယ်......
ဒါပေမဲ့ ကျနော်က ယောကျာ်းလေးနှစ်ယောက်ကြားထဲက
နက်ရှိုင်းတဲ့ သံယောဇဉ်ကို အချစ်လို့
လွယ်လွယ် ခေါင်းစဉ်တပ်ပစ်လိုက်ရမှာကို ကြောက်ခဲ့တယ်......
အဖြူရောင် သံယောဇဉ်ကြိုးလေးက သိမ်မွေ့စွာနဲ့
အရောင်ဆိုးခံခဲ့ရ ပြီးတောင်မှပဲလေ.....
ဒါဟာ သူငယ်ချင်းအချစ်ပါပဲလို့ ကျနော် သူ့ကို
ခေါင်းမာစွာနဲ့ ငြင်းဆန်ခဲ့တယ်.....

•~ ENDLESS ~•Where stories live. Discover now