"အင်း......ပြော"
"Hannie.....နေ့လည်စာ စားပြီးပြီလား"
"စားချင်စိတ် မရှိလို့.....မစားထားဘူး"
"အသံက ဘာဖြစ်နေတာတုန်း.....နေမကောင်းဘူးလား"
လူကြီး..... Innie ဂရုစိုက်တာရဲ့
တစ်ဝက်လေးလောက်ပဲ ကျနော့်ကို ကြင်နာပေးပါလား
"လူကြီးနဲ့ ရန်ဖြစ်ထားလို့....."
Oh Sehun နဲ့ ကတောက်ကဆ ဖြစ်ပြီးတိုင်း
ကိုယ်တွေ တဖြည်းဖြည်း ပူလာပြီး
နေမကောင်းဖြစ်တတ်တဲ့ ကျနော့် အကျင့်ကို
Innie ကတော့ ကောင်းကောင်း
နောကျေ နေလောက်ရောပေါ့.....
"ကျောင်း အပြန်ကျရင် Hannie အိမ်
ဝင်လာမလို့....Do Soo က ဒီနေ့ အရေးကြီးတဲ့
revision တွေ ပေးတယ် ပြောတယ်
အဲ့တာတွေ လာပေးမလို့.....
ဘာစားချင်လဲ.....ဝယ်လာပေးမယ်လေ"
"ပဲခေါက်ဆွဲ...."
"Omm....ပဲခေါက်ဆွဲရယ် Bubble tea ရယ်လား"
"ဒီနေ့ bubble tea မသောက်ချင်ဘူး
Americano ဝယ်ခဲ့ပေး....."
"ok.....ကျောင်းဆင်းတာနဲ့ လာခဲ့မယ်
ထမင်း မစားချင်ရင်တောင် မုန့်တစ်ခုခုတော့ စားထား
ဗိုက် အရမ်းဆာလာရင် ဗိုက်အောင့်နေဦးမယ်....."
"အင်း.....မြန်မြန်လာခဲ့ ကျောင်းဆင်းတာနဲ့"
ရေခဲသေတ္တာထဲမှာ အအေးခံထားပြီး အခု
အပြင်မှာ အထုတ်ခံထားရတဲ့ အအေးဗူးလေးက
အပူဒဏ်ကို မခံနိုင်လို့ ရေစက်တချို့ စပြီး
တွဲခိုစ ပြုလာတယ်.....
ဘာရယ်မဟုတ် အအေးဗူး ပတ်ပတ်လည်က
ရေစက်လေးတွေကို လက်နဲ့ ပွတ်သပ်ကြည့်ရင်းနဲ့
ကျနော် အတိတ်တွေထဲကို ပြန်လည်စီးမျောသွားတယ်.....
~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•
အလယ်တုန်း စတုတ္ထနှစ်ရောက်နေပြီမို့
ကလေးအရွယ်ကနေ လူကြီးအရွယ်ကို
ကူးပြောင်ချင်နေကြပြီဖြစ်တဲ့ ဆယ်ကျော်သက်
ကျောင်းသားကျောင်းသူတွေက အခန်းထဲမှာ
ဖလန်းဖလန်းကို ဖြစ်နေတော့တာရယ်.....
ငယ်ငယ်ထဲက နှစ်အဆက်ဆက် အခန်းခေါင်းဆောင်
ဖြစ်ခဲ့သူက ကိုယ်ပဲမို့ အရှိန်အဝါလေးနဲ့
အတန်းမဆူအောင် နည်းနည်း ဟန့်လိုက်တယ်.....
KAMU SEDANG MEMBACA
•~ ENDLESS ~•
Fiksi Penggemarလူကြီး....အချစ်ဆိုတာ ဘယ်လိုမျိုးလဲ ရယူခြင်းတို့ ပေးဆပ်ခြင်းတို့ လူတွေ အမျိုးမျိုး ငြင်းခုန်နေကြချိန်မှာ ကျနော်ကတော့ သေချာပြောနိုင်တယ်....အချစ်ဆိုတာ လူကြီး ကိုယ်တိုင်ပါပဲ..... အချစ်က အတ္တကြီးသလို ကိုယ်ကလည်း အတ္တကြီးတယ် ကလေး....အမှန်ဆို မင်းက ကိုယ့်စိတ်...
Part 4
Mulai dari awal
