NamSam tower ကို သွားပြီးတော့
နောက် 4နှစ် နေရင် တရားဝင် ချစ်သူတွေ
အဖြစ် နေကြပါမယ် ဆိုတဲ့ ကတိပြု
သော့ချိတ်လေးကိုလည်း တူတူချိတ်ခဲ့ကြတယ်......

ကစားကွင်းတွေ လျှောက်သွားရင်းနဲ့လည်း
ဆော့ချင်တာတွေ အကုန်လုံးကို အော်ဟစ်ပြီး
တူတူဆော့ခဲ့ကြတယ်.....
ဟန်မြစ်ကမ်းဘေးမှာ ဘေးချင်းယှဉ်ရပ် ထိုင်ရင်း
နောက်အနာဂတ်အတွက်လည်း လေထဲမှာ
စိတ်ကူးယဉ်အိမ်လေးတွေ ဆောက်ခဲ့ကြတယ်.....

သူရဲ့ အနားမှာ ထာဝရ ရှိနေပေးပြီး
ကျနော်တို့ နှစ်ယောက်သာ မခွဲစတမ်း
အတူတူ ရှိနေရမယ်ဆို အမြဲ ပျော်ရွှင်နေနိုင်မှာပဲလို့
အဲ့အချိန်တွေတုန်းက ကျနော် ထထစ်ချ ယုံကြည်ခဲ့မိတယ်......

~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•

သူ့ကို စတင် ချစ်ခဲ့မိခြင်းက မှားယွင်းမှုတစ်ခုဆို
အဆုံးစွန်ထိ ကျနော် မှားယွင်းနေပါရစေ......
ဒါဟာ ဘယ်သောအခါမှ နောင်တရမှာ မဟုတ်တဲ့
အဖိုးတန် မှားယွင်းမှုတစ်ခုဆိုတာ ကျနော်
သေချာလွန်းမက သေချာနေခဲ့လို့ပါ......
အဆုံးသတ်မှာတော့ နာကျင်ရမယ့်သူဟာ
မိုက်မဲစွာ ချစ်ခဲ့မိတဲ့ ကျနော်သာ ဖြစ်နေပါစေ......

~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•

To be continued.......

[Unicode]

နေ့လည်စာအစား CocaCola တစ်ဗူးကိုပဲ
ဖောက်ပြီး သောက်မိတော့ ပြင်းရှရှ
အရည်တွေက လည်ချောင်းထဲကနေ တစ်ဆင့်
မညှာမတာ စီးဆင်းသွားကြတယ်.....

ခင်ဗျားကြောင့်နဲ့ စိတ်ညစ်နေရချိန်ဆို
အအေးတွေကတောင် မချိုမြိန်နိုင်တာ.....
ရင်တွေ ပူလွန်းလို့ အအေး သောက်မိကာမှ
ဗိုက်တွေထဲပါ ပူလောင်လာတဲ့ အထိ.....
ဗိုက်ထဲ ဘာအစာမှ မရှိပဲ ဒီလိုမျိုး gas ပါတဲ့
အအေးတွေ သောက်နေမှန်း Innie သာ သိရင်
ကျနော့်ကို မျက်ရည်တွေ ဝဲပြီး ဆူလိမ့်ဦးမယ်......

Silent လုပ်ထားတဲ့ ဖုန်းက vibrate သံ
အဆက်မပြတ် ထွက်ပေါ်နေတော့ ဖုန်းကို
ကောက်ယူပြီး ကြည့်လိုက်မိတယ်.....
အမှန်ဆို ဒီလို စိတ်အခြေအနေမှာ
ဘယ်သူနဲ့မှ ဖုန်းမပြောချင်ဘူး....
ဒါပေမဲ့ ဒီလို မကိုင်မချင်း ခေါ်နေတာမျိုးဆို
Innie ပဲ ဖြစ်မှာ.....သူ့ကို အလကားသက်သက်
ကျနော် ဖုန်းမကိုင်မိတာလေးနဲ့ စိတ်ပူမနေစေချင်ဘူး....

•~ ENDLESS ~•Where stories live. Discover now