အဆစ်နည်းနည်းလွဲသွားလို့ ကျောက်ပတ်တီးစည်းထားရတဲ့ Hannie ခြေထောက်ရဲ့ ပတ်တီးပေါ်မှာ အရုပ်တွေ ရေးဆွဲရင်း.....
ကျနော်က တခါတလေ Hannie မခံချင်အောင်
လိုက်စရင်း နောက်ရင်း......
Hannie ဖတ်ချင်တဲ့ စာအုပ်တွေကို ကျနော်က
စိတ်ရှည်လက်ရှည် ဖတ်ပြရင်း......
ဆေးရုံကို မကြိုက်တဲ့ Hannie ကို ပန်းခြံထဲ
ခိုးခိုးထုတ်ပြီး ခေါ်သွားရင်း......
Hannie မုန်းတဲ့ ခေါင်းပေါ်က ပတ်တီးကြီးကို
ကျနော်က လက်နှစ်ဖက်နဲ့ ခပ်ဖွဖွ ပွတ်သပ်ပေးနေခဲ့ရင်းနဲ့......

Hannie ဆေးရုံတက်နေရတဲ့ နေ့ရက်တွေကတောင်
ကျနော်တို့အတွက် ရွှေရောင်နေ့ရက်တွေ
ဖြစ်နေခဲ့တယ်......တန်ဖိုးဖြတ်လို့ မရတဲ့
အဖိုးတန်နေ့ရက်တွေ ကြားမှာ အချစ်ရဲ့
ကူညီဖေးမမှုနဲ့အတူ ကျနော်လည်း အလယ်တန်းေ
နာက်ဆုံးနှစ်ကို အောင်မြင်စွာ ပြီးဆုံးသွားခဲ့တယ်......

"Innie.....ဒီမှာ ကြည့်"

ကျောင်း စစတက်ချင်းနေ့ရဲ့ ပထမဆုံးနေ့မှာပဲ
Hannie က ကောင်လေးတစ်ယောက်ရဲ့
လက်ကိုဆွဲလို့ နေ့လည် မုန့်စားကျောင်းဆင်းချိန်မှာ
ကျနော့်ဆီ ရောက်လာခဲ့တယ်.....

ဒီနေ့ သူနဲ့ ခင်သွားတဲ့ သူငယ်ချင်းမို့ Innie ကို
လာမိတ်ဆက်ပေးတာပါတဲ့.....
ပြီးတော့ တိုးတိုးလေး လာကပ်ပြောသေးတာ.....
သူ သေချာ အကဲခတ်ပြီးပြီမို့လို့ Innie က
သူ့ သူငယ်ချင်းတစ်ယောက်အနေနဲ့
လက်ခံပေးပါလားတဲ့လေ.......

အဲ့လို သူ့ရဲ့ ချစ်စရာကောင်းတဲ့
အပြူအမူလေးတွေကြောင့် ကျနော်က
ပိုပိုပြီး မြတ်နိုးနေရသလို သူများတွေ
အမြင်မှာလည်း ကျနော်တို့နှစ်ယောက်ကို
စုံတွဲလို့ ထင်နေကြတာ မဆန်းပါဘူးလေ.....
ပုံမှန် သူငယ်ချင်းတွေထက်လည်း ပိုရင်းရင်းနှီးနှီး
နေနေကြတာပဲမလား......
ချစ်သူအဆင့်လည်း မရောက်သေးပေမဲ့
သူငယ်ချင်းတွေထက်လည်း ပိုနေကြပြီဖြစ်တဲ့
အခြေအနေတစ်ခုမှာ သူနဲ့ ကျနော်
အပျော်ကြီးတွေ ပျော်ခဲ့ကြတယ်.....

ညဈေးတန်းတွေကို လျှောက်သွားဖြစ်ရင်
သူက ရှေ့ကနေ တဆိုင်ဝင် တဆိုင်ထွက်
ပြေးလွှားခုန်ပေါက်ပြီး စားချင်တာတွေ စားတတ်တယ်......
ကျနော်က နောက်ကနေ ပိုက်ဆံအိတ်လေး
ကိုင်ပြီး တကောက်ကောက် လိုက်ရှင်းရတာဗျာ.....
အဲ့ကောင်စုတ်လေးနဲ့ သူများအတွဲတွေလို
လက်ချင်းချိတ်ပြီး သွားရဖို့ဆိုတာ တကယ့်
ရှားမှရှား အခွင့်အရေးလိုကို ဖြစ်နေတော့တာ.....
စားချင်တာတွေ စားပြီး လျှောက်သွားနေရရင်
မြောက်ကြွမြောက်ကြွနဲ့ ပျော်မြူးနေတော့တာ.....
Samchom ကလည်း Jong In နဲ့သာဆို
စိတ်ချပြီးသားပါလို့ ပြောထားတော့ သူက
ကျနော့ကို ချွဲနွဲ့လို့ရတိုင်း
ဆိုးချင်သလိုကို ဆိုးနေတော့တာ.....

•~ ENDLESS ~•Where stories live. Discover now