ကျောင်းစဖွင့်တဲ့ နေ့ကနေစပြီးတော့
နေ့ရက်တိုင်း အချိန်တိုင်းမှာ သူက
ကျနော့် ဘေးမှာ အမြဲ ရှိနေပေးခဲ့တယ်......
ပေါင်းရသင်းရ ခက်တဲ့အပြင် နားလည်ပေးနိုင်ဖို့တောင်
သိပ်မလွယ်တဲ့ ကျနော့်ကို သူက အတတ်နိုင်ဆုံး
သည်းခံပေးခဲ့တယ်.....
ကျနော် သူ့ကို ငြိတွယ်မိခဲ့တယ်.....ဒါပေမဲ့
ဒါဟာ ဖြူစင်သော ငြိတွယ်ခြင်းလို့ပါပဲလို့
ကျနော် ဇွတ်မှိတ် ငြင်းနေခဲ့မိတယ်.....
ကျနော် သူ့ရဲ့ နွေးထွေးမှုတွေကို လိုချင်တပ်မက်စွာ
ခုံမင်လာတဲ့အချိန်မှာ သူကလည်း ကျနော့်ကို
အရင်ကထက် ပိုပြီး လုံခြုံလာစေခဲ့တယ်......
ဒါပေမဲ့ ကျနော်က ယောကျာ်းလေးနှစ်ယောက်ကြားထဲက
နက်ရှိုင်းတဲ့ သံယောဇဉ်ကို အချစ်လို့
လွယ်လွယ် ခေါင်းစဉ်တပ်ပစ်လိုက်ရမှာကို ကြောက်ခဲ့တယ်......
အဖြူရောင် သံယောဇဉ်ကြိုးလေးက သိမ်မွေ့စွာနဲ့
အရောင်ဆိုးခံခဲ့ရ ပြီးတောင်မှပဲလေ.....
ဒါဟာ သူငယ်ချင်းအချစ်ပါပဲလို့ ကျနော် သူ့ကို
ခေါင်းမာစွာနဲ့ ငြင်းဆန်ခဲ့တယ်.....
အဆင့်တစ်နေရာကို သူ့တစ်လှည့် ကိုယ့်တစ်လှည့်
ရယူရင်းနဲ့ ဒါမှမဟုတ် Aခန်းရဲ့ ပူးတွဲပထမဆိုတဲ့
ဘွဲ့ကို အတူတူ ဆက်ခံကြရင်းနဲ့ သူရော
ကျနော်ရော တစ်နှစ်ပါတ်လုံး
ပျော်ရွှင်စွာ ဖြတ်သန်းခဲ့ကြတယ်.....
အထီးကျန်နေတဲ့ ကျနော့်ကို သူ့က
ဖေးမပေးခဲ့တယ်....သူငယ်ချင်းအပေါင်းအသင်း
များများစားစား မရှိတဲ့ ကျနော့်ကို သူက
ယုံကြည်အားကိုးစေခဲ့တယ်.....
ကျနော့်ဘဝထဲမှာ သူဆိုတဲ့လူက ပိုပြီး
အရေးပါသထက် ပါလာခဲ့တယ်......
သူ့ရဲ့ အကြင်နာတွေ သူရဲ့ မေတ္တာတွေထဲမှာ
လုံးဝကို ပျော်ဝင်သွားမိခဲ့ပေမဲ့.......
သူ မရှိရင်ကို မဖြစ်တော့မယ့် အခြေအနေမျိုး
ရောက်ခဲ့ပေမဲ့......
သူ ကျနော့်အပေါ် ထားရှိတဲ့ အချစ်တွေကို
သေချာပေါက် မြင်ခဲ့ရဲ့သားနဲ့.....
ငယ်သေးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ပဲ
ကျနော် သူ့နှလုံးသားကို တွန်းထုတ်မိတယ်.....
ဒါပေမဲ့ သူနဲ့ ကျနော် ဘယ်တုန်းကမှ ဝေးမသွားခဲ့ကြပါဘူး......
~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•
သူကလည်း ကျနော့်ကို အရမ်းချစ်တယ်.....
ကျနော်ကလည်း သူ့ကို အရမ်းချစ်တယ်.....
ဒါပေမဲ့ ကျနော့်တို့ကြားထဲက ဆက်ဆံရေးတစ်ခုကို
အချစ်ပါလို့ ခေါင်းစဉ်မတပ်ရသေးခင်မှာပဲ
သူက ဦးနှင့်စွာ အချစ်ကို ရှာဖွေတွေ့ရှိသွားခဲ့တယ်.....
YOU ARE READING
•~ ENDLESS ~•
Fanfictionလူကြီး....အချစ်ဆိုတာ ဘယ်လိုမျိုးလဲ ရယူခြင်းတို့ ပေးဆပ်ခြင်းတို့ လူတွေ အမျိုးမျိုး ငြင်းခုန်နေကြချိန်မှာ ကျနော်ကတော့ သေချာပြောနိုင်တယ်....အချစ်ဆိုတာ လူကြီး ကိုယ်တိုင်ပါပဲ..... အချစ်က အတ္တကြီးသလို ကိုယ်ကလည်း အတ္တကြီးတယ် ကလေး....အမှန်ဆို မင်းက ကိုယ့်စိတ်...
Part 4
Start from the beginning
