"အင်း.....မြန်မြန်လာခဲ့ ကျောင်းဆင်းတာနဲ့"

ရေခဲသေတ္တာထဲမှာ အအေးခံထားပြီး အခု
အပြင်မှာ အထုတ်ခံထားရတဲ့ အအေးဗူးလေးက
အပူဒဏ်ကို မခံနိုင်လို့ ရေစက်တချို့ စပြီး
တွဲခိုစ ပြုလာတယ်.....
ဘာရယ်မဟုတ် အအေးဗူး ပတ်ပတ်လည်က
ရေစက်လေးတွေကို လက်နဲ့ ပွတ်သပ်ကြည့်ရင်းနဲ့
ကျနော် အတိတ်တွေထဲကို ပြန်လည်စီးမျောသွားတယ်.....

~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•

အလယ်တုန်း စတုတ္ထနှစ်ရောက်နေပြီမို့
ကလေးအရွယ်ကနေ လူကြီးအရွယ်ကို
ကူးပြောင်ချင်နေကြပြီဖြစ်တဲ့ ဆယ်ကျော်သက်
ကျောင်းသားကျောင်းသူတွေက အခန်းထဲမှာ
ဖလန်းဖလန်းကို ဖြစ်နေတော့တာရယ်.....

ငယ်ငယ်ထဲက နှစ်အဆက်ဆက် အခန်းခေါင်းဆောင်
ဖြစ်ခဲ့သူက ကိုယ်ပဲမို့ အရှိန်အဝါလေးနဲ့
အတန်းမဆူအောင် နည်းနည်း ဟန့်လိုက်တယ်.....

ဆရာမတွေက ညည်းပြော ပြောကြသလို
အတန်းတစ်တန်းမှာ ထိပ်ဆုံးခန်းနဲ့ နောက်ဆုံးခန်းက
အဆိုးဆုံးပဲဆိုတာ တကယ်ပါပဲဗျာ.....
A ခန်းဆိုတဲ့ ထိပ်ဆုံးခန်း ဖြစ်နေပြီးတော့
တကယ့်ကို ပွတ်လောရိုက်နေတာ.....

"အားလုံးပဲ ဝင်ခွင့်ပြုပါ ခင်ဗျ.....
ကျနော်က ကျောင်းသားသစ်ပါ.....Kim Jongin လို့ ခေါ်ပါတယ်"

အခန်းထဲက စပ်စလူးမမတချို့ရဲ့ ချောချောလှလှ
ကျောင်းသားသစ်လေးကို ကြိုဆိုနေကြတဲ့
ဝူးဝူးဝါးဝါး အော်သံတွေကြားမှာ
အဲ့ကျောင်းသားသစ်က ကျနော့်ဆီကို
တလှမ်းချင်း လျှောက်လာနေခဲ့တယ်....

"Xiao Luhan ဆိုတာလား မသိဘူး"

"အင်း.....ဟုတ်တယ်"

"အတန်းပိုင်က Luhan ရဲ့ ဘေးနားက ခုံမှာ
ထိုင်ပါလို့ ပြောလိုက်လို့ပါ...."

"တွေ့ခဲ့ပြီလား....အတန်းပိုင်နဲ့"

"ဟုတ်....အခုလေးတင် နားနေခန်းမှာ တွေ့ခဲ့တာ"

"လာလေ....ထိုင်"

မရင်းနှီးသေးတဲ့ လူနဲ့ဆိုရင် မျက်နှာထား
တည်တည်တင်းတင်းနဲ့ ခပ်ပြတ်ပြတ်
ပြောတတ်တဲ့ ကျနော့်စရိုက်ကို သူက
နည်းနည်းလေးတောင် ကသိကအောက်
ဖြစ်ဟန်မပြပဲ အပြုံးချိုချိုတွေနဲ့ လက်ခံပေးခဲ့တယ်......
ဘယ်သူက သိနိုင်မှာလဲ.....
တချိန်ချိန်မှာ အဲ့အပြုံးတွေကို ကျနော်
အရမ်း မြတ်နိုးသွားမိတော့မယ် ဆိုတာ.....

•~ ENDLESS ~•Où les histoires vivent. Découvrez maintenant