Hannie ဆေးရုံတက်နေရတဲ့ နေ့ရက်တွေကတောင်
ကျနော်တို့အတွက် ရွှေရောင်နေ့ရက်တွေ
ဖြစ်နေခဲ့တယ်......တန်ဖိုးဖြတ်လို့ မရတဲ့
အဖိုးတန်နေ့ရက်တွေ ကြားမှာ အချစ်ရဲ့
ကူညီဖေးမမှုနဲ့အတူ ကျနော်လည်း အလယ်တန်း ေ
နာက်ဆုံးနှစ်ကို အောင်မြင်စွာ ပြီးဆုံးသွားခဲ့တယ်......
"Innie.....ဒီမှာ ကြည့်"
ကျောင်း စစတက်ချင်းနေ့ရဲ့ ပထမဆုံးနေ့မှာပဲ
Hannie က ကောင်လေးတစ်ယောက်ရဲ့
လက်ကိုဆွဲလို့ နေ့လည် မုန့်စားကျောင်းဆင်းချိန်မှာ
ကျနော့်ဆီ ရောက်လာခဲ့တယ်.....
ဒီနေ့ သူနဲ့ ခင်သွားတဲ့ သူငယ်ချင်းမို့ Innie ကို
လာမိတ်ဆက်ပေးတာပါတဲ့.....
ပြီးတော့ တိုးတိုးလေး လာကပ်ပြောသေးတာ.....
သူ သေချာ အကဲခတ်ပြီးပြီမို့လို့ Innie က
သူ့ သူငယ်ချင်းတစ်ယောက်အနေနဲ့
လက်ခံပေးပါလားတဲ့လေ.......
အဲ့လို သူ့ရဲ့ ချစ်စရာကောင်းတဲ့
အပြူအမူလေးတွေကြောင့် ကျနော်က
ပိုပိုပြီး မြတ်နိုးနေရသလို သူများတွေ
အမြင်မှာလည်း ကျနော်တို့နှစ်ယောက်ကို
စုံတွဲလို့ ထင်နေကြတာ မဆန်းပါဘူးလေ.....
ပုံမှန် သူငယ်ချင်းတွေထက်လည်း ပိုရင်းရင်းနှီးနှီး
နေနေကြတာပဲမလား......
ချစ်သူအဆင့်လည်း မရောက်သေးပေမဲ့
သူငယ်ချင်းတွေထက်လည်း ပိုနေကြပြီဖြစ်တဲ့
အခြေအနေတစ်ခုမှာ သူနဲ့ ကျနော်
အပျော်ကြီးတွေ ပျော်ခဲ့ကြတယ်.....
ညစျေးတန်းတွေကို လျှောက်သွားဖြစ်ရင်
သူက ရှေ့ကနေ တဆိုင်ဝင် တဆိုင်ထွက်
ပြေးလွှားခုန်ပေါက်ပြီး စားချင်တာတွေ စားတတ်တယ်......
ကျနော်က နောက်ကနေ ပိုက်ဆံအိတ်လေး
ကိုင်ပြီး တကောက်ကောက် လိုက်ရှင်းရတာဗျာ.....
အဲ့ကောင်စုတ်လေးနဲ့ သူများအတွဲတွေလို
လက်ချင်းချိတ်ပြီး သွားရဖို့ဆိုတာ တကယ့်
ရှားမှရှား အခွင့်အရေးလိုကို ဖြစ်နေတော့တာ.....
စားချင်တာတွေ စားပြီး လျှောက်သွားနေရရင်
မြောက်ကြွမြောက်ကြွနဲ့ ပျော်မြူးနေတော့တာ.....
Samchom ကလည်း Jong In နဲ့သာဆို
စိတ်ချပြီးသားပါလို့ ပြောထားတော့ သူက
ကျနော့ကို ချွဲနွဲ့လို့ရတိုင်း
ဆိုးချင်သလိုကို ဆိုးနေတော့တာ.....
NamSam tower ကို သွားပြီးတော့
နောက် 4နှစ် နေရင် တရားဝင် ချစ်သူတွေ
အဖြစ် နေကြပါမယ် ဆိုတဲ့ ကတိပြု
သော့ချိတ်လေးကိုလည်း တူတူချိတ်ခဲ့ကြတယ်......
ကစားကွင်းတွေ လျှောက်သွားရင်းနဲ့လည်း
ဆော့ချင်တာတွေ အကုန်လုံးကို အော်ဟစ်ပြီး
တူတူဆော့ခဲ့ကြတယ်.....
ဟန်မြစ်ကမ်းဘေးမှာ ဘေးချင်းယှဉ်ရပ် ထိုင်ရင်း
နောက်အနာဂတ်အတွက်လည်း လေထဲမှာ
စိတ်ကူးယဉ်အိမ်လေးတွေ ဆောက်ခဲ့ကြတယ်.....
သူရဲ့ အနားမှာ ထာဝရ ရှိနေပေးပြီး
ကျနော်တို့ နှစ်ယောက်သာ မခွဲစတမ်း
အတူတူ ရှိနေရမယ်ဆို အမြဲ ပျော်ရွှင်နေနိုင်မှာပဲလို့
အဲ့အချိန်တွေတုန်းက ကျနော် ထထစ်ချ ယုံကြည်ခဲ့မိတယ်......
~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•
သူ့ကို စတင် ချစ်ခဲ့မိခြင်းက မှားယွင်းမှုတစ်ခုဆို
အဆုံးစွန်ထိ ကျနော် မှားယွင်းနေပါရစေ......
ဒါဟာ ဘယ်သောအခါမှ နောင်တရမှာ မဟုတ်တဲ့
အဖိုးတန် မှားယွင်းမှုတစ်ခုဆိုတာ ကျနော်
သေချာလွန်းမက သေချာနေခဲ့လို့ပါ......
အဆုံးသတ်မှာတော့ နာကျင်ရမယ့်သူဟာ
မိုက်မဲစွာ ချစ်ခဲ့မိတဲ့ ကျနော်သာ ဖြစ်နေပါစေ......
~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•
To be continued.......
ANDA SEDANG MEMBACA
•~ ENDLESS ~•
Fiksyen Peminatလူကြီး....အချစ်ဆိုတာ ဘယ်လိုမျိုးလဲ ရယူခြင်းတို့ ပေးဆပ်ခြင်းတို့ လူတွေ အမျိုးမျိုး ငြင်းခုန်နေကြချိန်မှာ ကျနော်ကတော့ သေချာပြောနိုင်တယ်....အချစ်ဆိုတာ လူကြီး ကိုယ်တိုင်ပါပဲ..... အချစ်က အတ္တကြီးသလို ကိုယ်ကလည်း အတ္တကြီးတယ် ကလေး....အမှန်ဆို မင်းက ကိုယ့်စိတ်...
Part 4
Mula dari awal
