ဦးနှောက်သွေးယိုစီးမှုဆိုတဲ့ အကြောင်းပြချက်နဲ့
ဆရာဝန်က ကျောင်းတစ်နှစ်နားဖို့
အကြံပြုပေးတဲ့အခါမှာ Hannie က
မျက်ရည်ပေါက်ကြီးငယ် ကျပြီး ငိုရှာလေတယ်.....
အင်းလေ.....အလယ်တန်း နောက်ဆုံးနှစ်တောင်
ရောက်နေပြီ ဒီတစ်နှစ်ဆိုရင် အလယ်တန်းဆိုတာ
ပြီးသွားတော့မှာလေ.......

ကျနော်တောင် နှမြောလွန်းအားကြီးလို့
Hannie ရှေ့မှာတင် မထိန်းနိုင်ပဲ ငိုမိတယ်.....
ကျနော်ပါ ဒီတစ်နှစ် ကျောင်းလိုက်နားမယ်လို့
Hannie ကို ပြောတဲ့အခါမှာ ချစ်ရသူဟာ
စိတ်ဆိုးမာန်ဆိုးနဲ့ မင်းပါ လိုက်ပြီး နားစရာ
ဘာအကြောင်းမှ မရှိဘူးလို့ အော်ဟစ်ပြီး
ပြောဆိုခဲ့တယ်.......ကရုဏာဒေါသတွေမှန်း
ကိုယ်သိပါတယ်.....အချစ်ရယ်
ဒါမဲ့ မင်းမပါတဲ့ စာသင်ချိန်တွေကို တစ်ယောက်ထဲ
ကိုယ် ဘယ်လို ဖြတ်သန်းရပါ့မလဲကွာ.....

နောက်မှာတော့ Hannie က သူမပါလည်းပဲ
ကျောင်းကို ဆက်တက်ပေးပြီး စာကို
သေချာလိုက်လုပ်ပေးပါလို့ ကျနော့်ကို
ကတိတောင်းခဲ့တယ်.....
ကျနော်ကလည်း ဆေးရုံပေါ်မှာ လူနာစောင့်လုပ်ရင်းနဲ့
သူ့ကို ချစ်တဲ့အကြောင်းတွေ ဖွင့်ဟပြောဆိုခဲ့မိတော့
သူ့ဆီက အထက်တန်းသုံးနှစ်လုံးပြီးရင်
တွဲကြမယ်ဆိုတဲ့ ကတိကို ရခဲ့တယ်.....

အချစ်က ပြောတယ်.....အခုချိန်ကတော့
ငယ်လွန်းပါသေးတယ်တဲ့ အထက်တန်းပြီးရင်
သေချာပေါက်ကို Kim Jongin ရဲ့ ချစ်သူအဖြစ်
နေပေးမှာပါတဲ့လေ.....4နှစ်လောက်
ထပ်စောင့်ခိုင်းတယ်ဆိုပြီးတော့
သံသယမဝင်ပါနဲ့တဲ့.....သူ့ရဲ့ အဖြေက
ခုထဲက ချစ်ပြီးသားပါတဲ့ဗျာ......ဝမ်းသာလုံးတွေ
ဆို့ပြီး အရမ်းကို ပျော်ရွှင်ခဲ့ရတဲ့ အချိန်တွေ ဖြစ်ခဲ့တာ.....

အဆစ်နည်းနည်းလွဲသွားလို့ ကျောက်ပတ်တီးစည်းထားရတဲ့ Hannie ခြေထောက်ရဲ့ ပတ်တီးပေါ်မှာ အရုပ်တွေ ရေးဆွဲရင်း.....
ကျနော်က တခါတလေ Hannie မခံချင်အောင်
လိုက်စရင်း နောက်ရင်း......
Hannie ဖတ်ချင်တဲ့ စာအုပ်တွေကို ကျနော်က
စိတ်ရှည်လက်ရှည် ဖတ်ပြရင်း......
ဆေးရုံကို မကြိုက်တဲ့ Hannie ကို ပန်းခြံထဲ
ခိုးခိုးထုတ်ပြီး ခေါ်သွားရင်း......
Hannie မုန်းတဲ့ ခေါင်းပေါ်က ပတ်တီးကြီးကို
ကျနော်က လက်နှစ်ဖက်နဲ့ ခပ်ဖွဖွ ပွတ်သပ်ပေးနေခဲ့ရင်းနဲ့......

•~ ENDLESS ~•Where stories live. Discover now