"ကိုယ်ကလည်း အနှစ် ၃၀ကျော် မစားလာတဲ့
အရာတစ်ခုကို ကလေးပြင်ဆင်ပေးထားတာဆိုတဲ့
အကြောင်းပြချက်တစ်ခုနဲ့ မစားနိုင်တော့.... "
"Lu စိတ်မကောင်းအောင်တော့
အဲ့လိုကြီး မပြောနဲ့လေနော်"
"ကိုယ် ရုံးရောက်ရင် ဗိုက်ဆာနေတော့မှာပဲ.....ဘယ်လို လုပ်မလဲ"
"ခေါက်ဆွဲပြုတ်ပေးရမလား ဟင်.....ဘာစားချင်လဲ"
"Xiao Luhan!!!"
"ဟင်....."
"Xiao Luhan လေ....အဲ့ကလေးကို စားချင်တာ"
Sehun ပြောရင်းနဲ့ Luhan ကို ခါးကနေ
မပြီး ချီလိုက်တယ်....Luhan သူ့ခြေထောက်တွေကို
Sehun ခါးမှာ အလိုက်သင့် ချိတ်လိုက်ရင်း....
"လူကြီး.....ဟိုလိုတော့ မရဘူးနော်
ဒီနေ့ Lu စာကျက်ရမှာ.....ကျောင်းတောင်
မတက်ပဲ Private study ယူဖို့ လုပ်ထားတာနော်"
"ဟက်......ကလေးက ကိုယ် ဘာလုပ်မယ် ထင်နေတာလဲ"
"အာ.....ဘယ်သိမလဲဗျ"
Luhan ရှက်သွေးဖျန်းသွားတဲ့ သူ့မျက်နှာလေးကို
Sehun ပခုံးပေါ် မှောက်ချလိုက်ပြီး ကုတင်ပေါ်ကို
ဦးတည်နေတဲ့ Sehun ခြေလှမ်းတွေပေါ်မှာ
ကြည်နူးစွာ ရင်ခုန်နေမိတယ်.....
သူ ဒီလို ဟန့်တားလိုက်ရင် Sehun ဘာမှ
လုပ်တော့မှာ မဟုတ်ဘူးဆိုပေမဲ့ Xiao Lu မှားခဲ့တဲ့
အပြစ်အတွက်တော့ မကျေနပ်ချက်လေးတွေ
ကျရောက်ဦးမည်ပေါ့.....
တကိုယ်လုံးကို ဖိချုပ်ထားပြီး
အသက်ရှူမရတော့လောက်အောင်ထိ
အကြမ်းပတမ်း နမ်းပစ်လိုက်တာမျိုး.....
ရေတောင် သောက်လို့ မရနိုင်တော့တဲ့ အထိ
နှုတ်ခမ်းတွေကို ပေါက်ပြဲသွားအောင်
ကိုက်ပလိုက်တာမျိုး.....
တပါတ် နှစ်ပါတ် ကြာတဲ့အထိတောင်
မပျောက်နိုင်တဲ့ kiss mark တွေ ပေးတာမျိုး......
သွားရာအကွင်းလိုက်ကြီးအပြင် သွေးတွေပါ
စိမ့်ထွက်လာတဲ့အထိ love bite ပေးတာမျိုးတွေ.....
နာကျင်ရတယ် ဆိုပေမဲ့ သူပေးတဲ့
အပြစ်ဒဏ်တွေက အရမ်းကို ချိုမြိန်လွန်းတယ်လေ.....
ချစ်သူကို မြတ်နိုးလွန်းလို့ မထိရက်
မကိုင်ရက် ဖြစ်နေပါတယ်ဆိုတဲ့ လူတွေက
တကယ်တော့ အပိုတွေ ပြောနေကြတာပဲမလား.....
ကျနော့်ချစ်သူ Oh Sehun ကတော့
သူ့အချစ်တွေကို နာကျင်မှုတွေကနေလည်း
သေချာအောင် သက်သေပြနိုင်တဲ့ သူမျိုးပါ.....
YOU ARE READING
•~ ENDLESS ~•
Fanfictionလူကြီး....အချစ်ဆိုတာ ဘယ်လိုမျိုးလဲ ရယူခြင်းတို့ ပေးဆပ်ခြင်းတို့ လူတွေ အမျိုးမျိုး ငြင်းခုန်နေကြချိန်မှာ ကျနော်ကတော့ သေချာပြောနိုင်တယ်....အချစ်ဆိုတာ လူကြီး ကိုယ်တိုင်ပါပဲ..... အချစ်က အတ္တကြီးသလို ကိုယ်ကလည်း အတ္တကြီးတယ် ကလေး....အမှန်ဆို မင်းက ကိုယ့်စိတ်...
Part 3
Start from the beginning
