"အာ.....လူကြီး!!!!!
မျက်နှာလည်း မသစ်ရသေးပဲနဲ့
ညစ်ပတ်လိုက်တာ"
"အပိုတွေ မပြောပါနဲ့နော်.....အိပ်ရာထတုန်းက
ဘယ်ကောင်လေးလည်း ကိုယ့်မျက်နှာကို ခိုးနမ်းသွားတာ"
"ဟင်.....သိတယ်လား"
"သိတာပေါ့.....ကလေးထသွားတော့ ခွထားတဲ့
ခြေထောက်က နေရာလွတ်သွားတာကို"
"ဟွန့်.....အဲ့တာများ ထမလာဘူး
အကျင့်ပုတ်ပြီး ဆက်အိပ်နေတာ"
"ကလေးလေး ပြင်ပေးတဲ့ မနက်စာ စားချင်လို့လေ"
"အပိုတွေ.....သွား မျက်နှာသွားသစ်"
Sehun ရယ်ကျဲကျဲနဲ့ ရေချိုးခန်းထဲ ဝင်သွားရင်း
Luhan ကို wink လုပ်ပြသွားသေးတယ်......
"မကောင်းတဲ့လူကြီး.....အမြင်ကတ်ဖို့ ကောင်းလိုက်တာ"
"ဟေ့.....ကြားရတယ်နော်"
"သွားပါဗျာ.....မြန်မြန်လုပ်"
မနက်တိုင်းသာ ဒီလို အမြဲ ကြည်နူးနေရမယ်ဆို
ဘယ်လောက်တောင် ကောင်းလိုက်မလဲ.....လူကြီး
ကျနော် အရမ်းပျော်နေရတယ်.....
ထောပတ်သုတ်ပြီး ထည့်ထားတဲ့
ပေါင်မုန့်တွေ ပေါင်မုန့်မီးကင်စက်ထဲကနေ
ထွက်လာတော့ Luhan စတော်ဘယ်ရီယိုလေး
ထပ်သုတ်ပေးထားလိုက်တယ်....
ပြီးတော့ လူကြီးအကြိုက်ပုံစံနဲ့ coffee ခါးခါး
ကလည်း အသင့် ဖျော်ထားပေးပြီးသား......
Luhan ဗန်းထဲကို ထည့်ယူလာတဲ့
ပေါင်မုန့်ချပ်တွေနဲ့ ကော်ဖီခွက်တွေ
စားပွဲပေါ်ကို ချပြီး ချင်းချင်းပဲ ခုံမှာ ရောက်ပြီး
ထိုင်စောင့်နေပြီဖြစ်တဲ့ Sehun က ေ
ပါင်မုန့်တစ်ချပ်ကို ကောက်ဝါးလိုက်တယ်.....
Sehun ချက်ချင်းကို အလိုမကျတဲ့
မျက်နှာ ဖြစ်သွားပြီးတော့.....
"ထောပတ် သုတ်လိုက်သေးတာလား.....Xiao Lu"
"အာ....Miyan Miyan
Lu မေ့သွားတာ အဲ့ထောပတ်မသုတ်ဖို့က
အမြဲကို မေ့နေတော့တာရယ် Mianhae.....
ပေါင်မုန့်ကလည်း မရှိတော့ဘူး
ဘာထပ်လုပ်ပေးရမလဲဟင်....."
"ကလေးက မှတ်မှ မထားတာ....ကိုယ့်အကြိုက်တွေကို"
"ဟင့်.....အဲ့လိုမဟုတ်ဘူးလေ
Lu သေချာ သတိထားတဲ့ကြားက
အဲ့လိုကြီး ဖြစ်ဖြစ်သွားတာပဲ ပေါင်မုန့်စားမယ်ဆို
ထောပတ်သုတ်တာကြီးက အကျင့်တစ်ခုလို ြ
ဖစ်နေပြီကို.....စိတ်မဆိုးနဲ့လေ နော်"
YOU ARE READING
•~ ENDLESS ~•
Fanfictionလူကြီး....အချစ်ဆိုတာ ဘယ်လိုမျိုးလဲ ရယူခြင်းတို့ ပေးဆပ်ခြင်းတို့ လူတွေ အမျိုးမျိုး ငြင်းခုန်နေကြချိန်မှာ ကျနော်ကတော့ သေချာပြောနိုင်တယ်....အချစ်ဆိုတာ လူကြီး ကိုယ်တိုင်ပါပဲ..... အချစ်က အတ္တကြီးသလို ကိုယ်ကလည်း အတ္တကြီးတယ် ကလေး....အမှန်ဆို မင်းက ကိုယ့်စိတ်...
Part 3
Start from the beginning
