ထွက်သွားတဲ့ လူဆီက နှုတ်ဆက်အကြည့်တချို့တောင်
မရခဲ့လိုက်တော့ ဒီရင်မှာက ပူလောင်လာရတယ်.....
ကျနော် မှားသွားသလား....လူကြီး
ဒီလို နာကျင်နေရင်းနဲ့တောင် ခင်ဗျားရဲ့
စကားတစ်ခွန်းနဲ့ သူမကို
ထွက်တွေ့နှုတ်ဆက် ပေးခဲ့တယ်လေ.....
ခင်ဗျားရဲ့ အမိန့်တစ်ခုကြောင့်နဲ့ coffee
တစ်ခွက်ကိုတောင် မျက်ရည်တွေ ရင်းပြီး
ဖျော်တိုက်ပေးခဲ့တာ မဟုတ်လား.....
စိတ်မဆိုးပါနဲ့လား.....လူကြီး
တကယ်ဆို နာကျင်ခဲ့ရတာက
ကျနော် မဟုတ်ဘူးလား......
~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•
မပိုင်ဆိုင်ချင်ဘူးလားဆို ပိုင်ဆိုင်ချင်တာပေါ့
ကိုယ်က အသည်းထဲထိ နင့်နေအောင်
ချစ်ရတဲ့သူလေ......
ဒါဆို ပိုင်ဆိုင်ရဖို့ ကြိုးစားမှာလားလို့ မေးရင်
ကိုယ် ကြိုးစားမိမယ် မထင်ဘူး.....အချစ်
အဖြူထည် သက်သက် ချစ်ခဲ့မိတဲ့ အပြင်
ကိုယ့်ချစ်ခြင်းတွေမှာ အသက်ထက်ပိုပြီး
မြတ်နိုးမှုတွေပါ ပျော်ဝင်နေတာမို့
ကိုယ်က မင်းကို ရူးသွပ်စွာ ချစ်မိတဲ့ လူပါ.....
~•~•~•~•~•~•~•~•~•~•~•~•~•~•~•~
To be continued.......
[Unicode]
"ကလေး.....morning"
"Xiao Lu အချစ်တုံးကြီး.....နိုးလာပြီလား"
"နိုးပါပြီဗျာ.....ညက ကိုယ် အလုပ်တွေ
များတာနဲ့ ညဉ့်နက်သွားတယ်
ကိုယ် အခန်းထဲ ဝင်လာတော့
ကလေးက အိပ်တောင် ပျော်နေပြီမို့
မနိုးတော့တာ.....
စကား ပြောကြမယ် ပြောထားတာကို
ကိုယ်စောစော လာမအိပ်ပေးနိုင်လို့
စိတ်ဆိုးနေလား....ဟင်"
"အင်း.....နည်းနည်းလေး ပိစိလေး စိတ်ဆိုးတယ်"
"ဟဟ.....ပိစိလေးဆိုတာ ဘယ်လောက်လေးလဲ"
Sehun ရုတ်တရက် ရှေ့တိုးလာပြီး
Luhan ရဲ့ နှုတ်ခမ်းတစ်ခုလုံးကို
သူ့ နှုတ်ခမ်းလွှာတွေနဲ့ အုပ်မိုးပြီး
ငုံလိုက်တာကြောင့် Luhan တို့ခမျာ
romantic ဆန်ဆန် မျက်လုံးလေးပိတ်ထားဖို့
နေနေသာသာ ပြူးပြီးတော့ကို အ့ံသြနေလေရဲ့......
"ပိစိဆိုတာ အဲ့လောက်လေးမလား.....
ကလေး နှုတ်ခမ်းလေးလောက်လေ....ပိစိလေး"
YOU ARE READING
•~ ENDLESS ~•
Fanfictionလူကြီး....အချစ်ဆိုတာ ဘယ်လိုမျိုးလဲ ရယူခြင်းတို့ ပေးဆပ်ခြင်းတို့ လူတွေ အမျိုးမျိုး ငြင်းခုန်နေကြချိန်မှာ ကျနော်ကတော့ သေချာပြောနိုင်တယ်....အချစ်ဆိုတာ လူကြီး ကိုယ်တိုင်ပါပဲ..... အချစ်က အတ္တကြီးသလို ကိုယ်ကလည်း အတ္တကြီးတယ် ကလေး....အမှန်ဆို မင်းက ကိုယ့်စိတ်...
Part 3
Start from the beginning
