ကျနော့် မျက်ရည်စက်တွေ ရောပါနေတဲ့ေ
က်ာဖီတစ်ခွက်က ပိုပြီးများ
အရသာရှိနေမလား.....Zhang Yi Xing

"Zhang Yi Xing noona.....သောက်ပါဦး"

ငယ်သူငယ်ချင်းပါ ဆိုတဲ့ သူတို့နှစ်ဦးက
ဘေးချင်းကပ်ရပ် ထိုင်နေကြတော့ နောက်မှ
သိကျွမ်းခဲ့ရပြီး ချစ်သူဆိုတဲ့ အဆင့်မှာပဲ ရှိတဲ့
ကျနော်က အလိုက်တသိ သူတို့ မျ
က်နှာချင်းဆိုင်က sofa မှာပဲ ဝင်ထိုင်ပေးလိုက်တယ်.....

"Luhan ကလည်း noona နဲ့ဆိုေ
ပါ့ပေါ့ပါးပါးပဲ ပြောပါဆို....."

"အဟင်း.....ကျနော်က မရင်းနှီးတဲ့
လူတွေနဲ့ဆို အဲ့လို သိပ်မပြောတတ်လို့"

Sehun က ကျနော့် စကားကို
အလိုမကျဟန်တွေနဲ့ စောင်းကြည့်လာပြီးတော့
ခုမှ ကျနော့် အင်္ကျီကို သတိထားမိပုံ ရသွားတယ်.....

"Luhan!!!!"

လူကြီးရာ....စိတ်တို ပြန်ပြီလား

"Xing.....ကိုယ် အင်္ကျီသွားလဲဦးမယ်
ခဏစောင့်ပေး"

"ok....Hun"

ကျနော့်ကို စိုက်ကြည့်နေခဲ့တဲ့ မျက်ဝန်းတွေထဲက
ဒေါသ အရိပ်အယောင်တွေဟာ Zhang Yi Xing ဆိုတဲ့
အမျိုးသမီးကို စကားပြောဖို့ သူ့ဆီကို
မျက်နှာအလှည့်မှာ ကွယ်ပျောက်သွားသလား.....လူကြီး

"Luhan ဒီနေ့ ကျောင်းမသွားရဘူးလား...."

"ဟုတ်ကဲ့....စာကျက်ဖို့ private ယူထားလို့"

ထက်မြက်တဲ့ အမျိုးသမီးတစ်ယောက်
ပီသစွာ သူမ မမြင်အပ်တဲ့ နေရာအချို့ကို
လိမ္မာပါးနပ်စွာနဲ့ အကြည့်တွေကို ရှောင်လွဲရင်း
စကားပြောနေပေမဲ့ မျက်စိလျင်တဲ့
ကျနော်ကလည်း သူ ကျနော့်လည်ပင်းကိုြ
ကည့်လိုက်တာကို တွေ့ပြီးသားပါ.....
အံ့သြမှု အရိပ်အယောင်တွေကို
တမဟုတ်ချင်း ပြောင်းလဲပစ်လိုက်ပေမဲ့ သူမ
တကယ် အံ့သြသွားခဲ့ပြီး သူမ မျက်လုံးတွေက
ဝိုင်းသွားခဲ့တယ်လေ.....

"Xing....သွားမယ်
ကိုယ် ပြီးပြီ"

"အာ့ဆို noona သွားပြီနော်....Luhan"

"ဟုတ်ကဲ့ခင်ဗျ.....နှစ်ယောက်လုံး
ကောင်းကောင်း သွားပါနော်"

•~ ENDLESS ~•Where stories live. Discover now