ခုတင်ဘေးမှာ ပုံကျနေတဲ့ ရှုပ်အင်္ကျီက
Sehun ဆုတ်ဖြဲပြီး လွှင့်ပစ်လိုက်တာကြောင့်
ပြန်ဝတ်လို့ ရမှာ မဟုတ်တော့.....
ဘီရိုထဲကနေ လည်ပင်းထိပါ လုံနေမယ့်
ဆွယ်တာတစ်ထည်ကို ထုတ်ပြီးနေမှ
Luhan မဝတ်ချင်တော့......
ဘယ်လောက်ပဲ ငယ်သူငယ်ချင်းတွေမို့
ရင်းရင်းနှီးနှီး နေပါတယ် ပြောပြော
ယောကျာ်းလေး နှစ်ယောက် အထူးသဖြင့်
ကျနော်တို့လို ချစ်သူနှစ်ယောက် နေနေတဲ့
အိမ်ကို အကြောင်းမကြား ဘာမကြားနဲ့
အမျိုးသမီး တစ်ယောက်က မဆင်မခြင်တော့
မလာသင့်ဘူးမလား.....
နောက် မလာချင်တော့အောင်
နည်းနည်းတော့ လုပ်ပေးရမယ်ရယ်.....

အောက်က အဖြူရောင် ဒူးဖုံးဘောင်းဘီလေးက
ဒီတိုင်း ရှိနေသေးတာမို့ Luhan အမဲရောင်
V shape လက်ရှည်အင်္ကျီလေးကို ဝတ်လိုက်တယ်.....
အင်္ကျီက V shape မို့ လည်ပင်းက
marking တွေက အတိုင်းသား မြင်နေရပြီမလား.....
နို့နှစ်ရောင် အသားအရည် ဖြူစွတ်စွတ်ပေါ်က
အနီရောင်အကွက်တွေက အင်္ကျီအမဲရောင်ရဲ့
ပံ့ပိုးမှုကြောင့်ရော လည်ပင်းစပ်နားတဝိုက်ထိကို
ထင်းထင်းကြီး မြင်နေရတယ်ရယ်....
Luhan မှန်ထဲကို သေချာပြန်ကြည့်ပြီးြ
ပင်ဆင်ပြီးမှ ထွက်လာခဲ့တယ်.....

ဧည့်ခန်းထဲ ရောက်တော့ ဆိုဖာတစ်ခုံထဲမှာ
နီးနီးကပ်ကပ် ထိုင်နေကြရင်းနဲ့ Sehun က
ကျနော် ထွက်လာတာ မြင်တော့.....

"Xiao Lu....Xing ဖို့ တခုခု လုပ်ပေးလိုက်ပါဦး
Xing coffee ပဲ မလား"

"အာ....hun ကလည်း Luhan ကို အားနာစရာကြီးကို"

"ကျနော် coffee ယူလာခဲ့ပါမယ်....."

ကျနော့်ကို တိုင်တည်ပြီး ပြောနေကြတာဆိုပေမဲ့
နှစ်ယောက်လုံးရဲ့ မျက်လုံးအကြည့်တွေက
ကျနော့်ဆီ ရောက်မလာပဲ သူတို့ မျက်လုံးအိမ်
အချင်းချင်းမှာပဲ ပျော်ဝင်နေကြလေတော့.....
အဲ့ အောင့်သီးအောင့်သက် အခြေအနေတစ်ခုကနေ
ရှောင်လွဲနိုင်ဖို့က ကျနော် အဲ့နေရာကနေ
ထွက်သွားဖို့ပဲ မလား......
ကျနော် ကော်ဖီခွက်ကို မွှေနေရင်း
လက်မောင်းရင်းက အောင့်တက်လာတယ်.....
လူကြီး ကိုက်ထားတာက အသားထဲထိ
နက်နေအောင် ကိုက်ထားတာမို့......
ရင်ဘတ်ထဲက နာကျင်မှုတချို့ရယ်
ခန္ဓာကိုယ်ပေါ်က နာကျင်မှုတချို့ရယ်ေ
ပါင်းစည်းမိတော့ မျက်ဝန်းတွေထဲေ
ဝ့ဝဲလာတဲ့ မျက်ရည်စက်အချို့က ကော်ဖီခွက်ထဲ
ခုန်ပေါက်ဆင်းသွားလေတယ်....

•~ ENDLESS ~•Donde viven las historias. Descúbrelo ahora