"Xing.....Mr.Oh အိမ်ကို သွားပေးမလား
ဖုန်းခေါ်နေတာ ဆက်တိုက် မကိုင်လို့
ဒီနေ့ meeting ရှိနေတာကို"

"Hun က ဖုန်းမကိုင်ဘူးလား
အင်း......အာ့ဆို သွားပေးမယ်လေ"

"ok....ခေါ်ပြီး တူတူ ပြန်လာခဲ့နော်
ငါ စာရွက်စာတမ်းတွေ ပြင်ဆင်နေလိုက်မယ်"

~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•

"Ting Tong......Ting Tong"

Sehun bell သံကြားတော့ Luhan ရဲ့
ခါးတဝိုက်မှာ ချိတ်တွယ်ထားတဲ့ လက်တွေက
ပြေလျော့သွားတယ် Luhan ကလည်း
မောသွားပြီး မှိန်းနေတော့ သူလည်း မထချင်ဘူးရယ်....

"လူကြီး....bell တီးနေတယ် မလား"

"အင်း.....ကိုယ် သွားဖွင့်လိုက်မယ်"

Sehun ပြုတ်ထွက်နေတဲ့ သူ့ရှုပ်အင်္ကျီ
ကြယ်သီးတွေကို ပြင်တပ်ပြီး ရှုပ်ပွနေတဲ့
ဆံပင်တွေကို ပြင်ဆင် ထွက်သွားတဲ့တိုင်အောင်
Luhan ခုတင်ပေါ်ကနေ မထနိုင်သေး.....
ဝမ်းဗိုက်တလျှောက်လုံးမှာ Sehun ကိုက်ခဲထားတဲ့
နေရာတွေက ခုထိ တဆစ်ဆစ်နဲ့ နာနေသေးတယ်....
လက်မောင်းသားတွေရော ပုခုံးသားတွေအထိေ
သွးထွက်အောင် ကိုက်ထားတာကြောင့်
နေရာပေါင်းစုံကနေ နာကျင်မှုကို ခံစားနေရတယ်.....

"ဟင် Xing လာတာလား...."

Xing ဆိုတဲ့ အသံကြားတာနဲ့ လည်ပင်းက
အကွင်းအကွက်တွေကြောင့် နာနေတာတောင်
ခေါင်းက အလိုလို မတ်မိတဲ့အထိ....
အဲ့အမျိုးသမီးကို ကျနော် မုန်းတယ်ရယ်....

"Xiao Lu ရေ.....Xing ရောက်နေတယ်"

ဒါက Oh Sehun ရဲ့ အမိန့်မဆန်တဲ့ေ
စခိုင်းချက်တစ်ခုဆိုတာ ကျနော်သိတယ်....
ထွက်တွေ့ရဦးမှာပေါ့လေ....မတွေ့ချင်တဲ့လူ
ဖြစ်နေတာတောင်မှ......

ဘာအကြောင်းပြချက် မယ်မယ်ရရ
ကြောင့်နဲ့မှ မဟုတ်ပဲ သူမကို
မနှစ်မြို့ဘူး ဖြစ်နေတယ်....
ပြီးတော့ ကျနော့် လူကြီးက အဲ့ Xing ဆိုတဲ့
အမျိုးသမီးရှေ့မှာ ဘယ်တော့မှ ကျနော့်ကို
"ကလေး" လို့ မခေါ်ဖူးဘူးလေ....

Jin Woo hyung ရှေ့မှာတောင်
အဲ့လိုခေါ်တတ်တဲ့ လူက Zhang Yi Xing ဆိုတဲ့
အဲ့အမျိုးသမီးရှေ့ရောက်ရင်
အဲ့လို မခေါ်တော့တာ.......
ဒါက ကျနော့် ရင်ထဲမှာ
ဖြစ်တည်နေတဲ့ အစိုင်အခဲတစ်ခု.....

•~ ENDLESS ~•Donde viven las historias. Descúbrelo ahora