တကိုယ်လုံးကို ဖိချုပ်ထားပြီး
အသက်ရှူမရတော့လောက်အောင်ထိ
အကြမ်းပတမ်း နမ်းပစ်လိုက်တာမျိုး.....
ရေတောင် သောက်လို့ မရနိုင်တော့တဲ့ အထိ
နှုတ်ခမ်းတွေကို ပေါက်ပြဲသွားအောင်
ကိုက်ပလိုက်တာမျိုး.....
တပါတ် နှစ်ပါတ် ကြာတဲ့အထိတောင်
မပျောက်နိုင်တဲ့ kiss mark တွေ ပေးတာမျိုး......
သွားရာအကွင်းလိုက်ကြီးအပြင် သွေးတွေပါ
စိမ့်ထွက်လာတဲ့အထိ love bite ပေးတာမျိုးတွေ.....
နာကျင်ရတယ် ဆိုပေမဲ့ သူပေးတဲ့
အပြစ်ဒဏ်တွေက အရမ်းကို ချိုမြိန်လွန်းတယ်လေ.....

ချစ်သူကို မြတ်နိုးလွန်းလို့ မထိရက်
မကိုင်ရက် ဖြစ်နေပါတယ်ဆိုတဲ့ လူတွေက
တကယ်တော့ အပိုတွေ ပြောနေကြတာပဲမလား.....
ကျနော့်ချစ်သူ Oh Sehun ကတော့
သူ့အချစ်တွေကို နာကျင်မှုတွေကနေလည်း
သေချာအောင် သက်သေပြနိုင်တဲ့ သူမျိုးပါ.....

သူပေးတဲ့ နာကျင်မှုတွေကို ကျနော်က
ရူးမိုက်စွာ သဘောကျပါတယ် ဆိုတာကလည်း
သူသိနေတဲ့ ကျနော့် အားနည်းချက် ဖြစ်နေတာမို့.....
ချစ်သူက နာကျင်အောင် လုပ်ရတာကလည်း
ချစ်ပုံချစ်နည်းထဲက တစ်ခုပါဆိုတာကို
Oh Sehun ဆိုတဲ့ လူသားက ယုံကြည်နေတာမို့.....

ကျနော့်ရဲ့ နှလုံးသားက လွဲပြီး နာကျင်မှုတွေကို
ခန္ဓာကိုယ်တစ်ခုလုံးမှာ ခြယ်လှယ်လှည့်ပါ.....အချစ်

~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•

ကျနော်က သူ့အပေါ် အနိုင်ယူတာ များလွန်းတယ်
ဆိုရင်တောင် အဲ့အနိုင်ယူမှုတွေကို ကျေကျေနပ်နပ်
ခံယူနေတာက သူပဲ မလား....
ချစ်ရတဲ့ သူအတွက် နာကျင်ခံစားနေရတာပဲလေ
သူပျော်မှာပါ.......

~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•

Jin Woo ဒီနေ့ အရေးကြီး meeting
ရှိတာကြောင့် Mr.Oh ကို ဆက်တိုက်
ဖုန်းခေါ်နေပေမဲ့လည်း Sehun က ဖုန်းမကိုင်......
ဘာတွေများ အဲ့လောက် အလုပ်ရှူပ်စရာ
အကြောင်းရှိလို့လဲ.....ဒီအချိန်ထိ အိပ်နေရအောင်
ဆိုတော့လည်း 10 နာရီတောင် ကျော်နေပြီကို....

Mr.Oh က ဘယ်လောက် အိပ်ရေးပျက်ပျက်
ဒီအချိန်လောက်ထိ အိပ်တတ်တဲ့ လူမျိုးမှ
မဟုတ်ပဲ.....Meeting က တစ်နာရီကျမှ စမှာ
ဆိုပေမဲ့ Mr.Oh က တင်ပြရမယ့် အချက်တွေကိုေ
လ့လာရဦးမှာလေ ဒီလောက် အရေးကြီးတဲ့
ရှယ်ရာရှင် အစည်းအဝေး ရှိနေတာကို......

•~ ENDLESS ~•Tempat cerita menjadi hidup. Temukan sekarang