Luhan ဗန်းထဲကို ထည့်ယူလာတဲ့
ပေါင်မုန့်ချပ်တွေနဲ့ ကော်ဖီခွက်တွေ
စားပွဲပေါ်ကို ချပြီး ချင်းချင်းပဲ ခုံမှာ ရောက်ပြီး
ထိုင်စောင့်နေပြီဖြစ်တဲ့ Sehun ကေ
ပါင်မုန့်တစ်ချပ်ကို ကောက်ဝါးလိုက်တယ်.....
Sehun ချက်ချင်းကို အလိုမကျတဲ့
မျက်နှာ ဖြစ်သွားပြီးတော့.....
"ထောပတ် သုတ်လိုက်သေးတာလား.....Xiao Lu"
"အာ....Miyan Miyan
Lu မေ့သွားတာ အဲ့ထောပတ်မသုတ်ဖို့က
အမြဲကို မေ့နေတော့တာရယ် Mianhae.....
ပေါင်မုန့်ကလည်း မရှိတော့ဘူး
ဘာထပ်လုပ်ပေးရမလဲဟင်....."
"ကလေးက မှတ်မှ မထားတာ....ကိုယ့်အကြိုက်တွေကို"
"ဟင့်.....အဲ့လိုမဟုတ်ဘူးလေ
Lu သေချာ သတိထားတဲ့ကြားက
အဲ့လိုကြီး ဖြစ်ဖြစ်သွားတာပဲ ပေါင်မုန့်စားမယ်ဆို
ထောပတ်သုတ်တာကြီးက အကျင့်တစ်ခုလိုြ
ဖစ်နေပြီကို.....စိတ်မဆိုးနဲ့လေ နော်"
"ကိုယ်ကလည်း အနှစ် ၃၀ကျော် မစားလာတဲ့
အရာတစ်ခုကို ကလေးပြင်ဆင်ပေးထားတာဆိုတဲ့
အကြောင်းပြချက်တစ်ခုနဲ့ မစားနိုင်တော့.... "
"Lu စိတ်မကောင်းအောင်တော့
အဲ့လိုကြီး မပြောနဲ့လေနော်"
"ကိုယ် ရုံးရောက်ရင် ဗိုက်ဆာနေတော့မှာပဲ.....ဘယ်လို လုပ်မလဲ"
"ခေါက်ဆွဲပြုတ်ပေးရမလား ဟင်.....ဘာစားချင်လဲ"
"Xiao Luhan!!!"
"ဟင်....."
"Xiao Luhan လေ....အဲ့ကလေးကို စားချင်တာ"
Sehun ပြောရင်းနဲ့ Luhan ကို ခါးကနေ
မပြီး ချီလိုက်တယ်....Luhan သူ့ခြေထောက်တွေကို
Sehun ခါးမှာ အလိုက်သင့် ချိတ်လိုက်ရင်း....
"လူကြီး.....ဟိုလိုတော့ မရဘူးနော်
ဒီနေ့ Lu စာကျက်ရမှာ.....ကျောင်းတောင်
မတက်ပဲ Private study ယူဖို့ လုပ်ထားတာနော်"
"ဟက်......ကလေးက ကိုယ် ဘာလုပ်မယ် ထင်နေတာလဲ"
"အာ.....ဘယ်သိမလဲဗျ"
Luhan ရှက်သွေးဖျန်းသွားတဲ့ သူ့မျက်နှာလေးကို
Sehun ပခုံးပေါ် မှောက်ချလိုက်ပြီး ကုတင်ပေါ်ကို
ဦးတည်နေတဲ့ Sehun ခြေလှမ်းတွေပေါ်မှာ
ကြည်နူးစွာ ရင်ခုန်နေမိတယ်.....
သူ ဒီလို ဟန့်တားလိုက်ရင် Sehun ဘာမှ
လုပ်တော့မှာ မဟုတ်ဘူးဆိုပေမဲ့ Xiao Lu မှားခဲ့တဲ့
အပြစ်အတွက်တော့ မကျေနပ်ချက်လေးတွေ
ကျရောက်ဦးမည်ပေါ့.....
YOU ARE READING
•~ ENDLESS ~•
Fanfictionလူကြီး....အချစ်ဆိုတာ ဘယ်လိုမျိုးလဲ ရယူခြင်းတို့ ပေးဆပ်ခြင်းတို့ လူတွေ အမျိုးမျိုး ငြင်းခုန်နေကြချိန်မှာ ကျနော်ကတော့ သေချာပြောနိုင်တယ်....အချစ်ဆိုတာ လူကြီး ကိုယ်တိုင်ပါပဲ..... အချစ်က အတ္တကြီးသလို ကိုယ်ကလည်း အတ္တကြီးတယ် ကလေး....အမှန်ဆို မင်းက ကိုယ့်စိတ်...
Part 3
Start from the beginning
