"Luhan ကလည်း noona နဲ့ဆို ေ
ပါ့ပေါ့ပါးပါးပဲ ပြောပါဆို....."

"အဟင်း.....ကျနော်က မရင်းနှီးတဲ့
လူတွေနဲ့ဆို အဲ့လို သိပ်မပြောတတ်လို့"

Sehun က ကျနော့် စကားကို
အလိုမကျဟန်တွေနဲ့ စောင်းကြည့်လာပြီးတော့
ခုမှ ကျနော့် အကျႌကို သတိထားမိပုံ ရသွားတယ်.....

"Luhan!!!!"

လူကြီးရာ....စိတ်တို ပြန်ပြီလား

"Xing.....ကိုယ် အကျႌသွားလဲဦးမယ်
ခဏစောင့်ပေး"

"ok....Hun"

ကျနော့်ကို စိုက်ကြည့်နေခဲ့တဲ့ မျက်ဝန်းတွေထဲက
ဒေါသ အရိပ်အယောင်တွေဟာ Zhang Yi Xing ဆိုတဲ့
အမျိုးသမီးကို စကားပြောဖို့ သူ့ဆီကို
မျက်နှာအလှည့်မှာ ကွယ်ပျောက်သွားသလား.....လူကြီး

"Luhan ဒီနေ့ ကျောင်းမသွားရဘူးလား...."

"ဟုတ်ကဲ့....စာကျက်ဖို့ private ယူထားလို့"

ထက်မြက်တဲ့ အမျိုးသမီးတစ်ယောက်
ပီသစွာ သူမ မမြင်အပ်တဲ့ နေရာအချို့ကို
လိမ္မာပါးနပ်စွာနဲ့ အကြည့်တွေကို ရှောင်လွဲရင်း
စကားပြောနေပေမဲ့ မျက်စိလျင်တဲ့
ကျနော်ကလည်း သူ ကျနော့်လည်ပင်းကို ြ
ကည့်လိုက်တာကို တွေ့ပြီးသားပါ.....
အ့ံသြမှု အရိပ်အယောင်တွေကို
တမဟုတ်ချင်း ပြောင်းလဲပစ်လိုက်ပေမဲ့ သူမ
တကယ် အ့ံသြသွားခဲ့ပြီး သူမ မျက်လုံးတွေက
ဝိုင်းသွားခဲ့တယ်လေ.....

"Xing....သွားမယ်
ကိုယ် ပြီးပြီ"

"အာ့ဆို noona သွားပြီနော်....Luhan"

"ဟုတ်ကဲ့ခင်ဗျ.....နှစ်ယောက်လုံး
ကောင်းကောင်း သွားပါနော်"

ထွက်သွားတဲ့ လူဆီက နှုတ်ဆက်အကြည့်တချို့တောင်
မရခဲ့လိုက်တော့ ဒီရင်မှာက ပူလောင်လာရတယ်.....
ကျနော် မှားသွားသလား....လူကြီး

ဒီလို နာကျင်နေရင်းနဲ့တောင် ခင်ဗျားရဲ့
စကားတစ်ခွန်းနဲ့ သူမကို
ထွက်တွေ့နှုတ်ဆက် ပေးခဲ့တယ်လေ.....
ခင်ဗျားရဲ့ အမိန့်တစ်ခုကြောင့်နဲ့ coffee
တစ်ခွက်ကိုတောင် မျက်ရည်တွေ ရင်းပြီး
ဖျော်တိုက်ပေးခဲ့တာ မဟုတ်လား.....

စိတ်မဆိုးပါနဲ့လား.....လူကြီး
တကယ်ဆို နာကျင်ခဲ့ရတာက
ကျနော် မဟုတ်ဘူးလား......

~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•

မပိုင်ဆိုင်ချင်ဘူးလားဆို ပိုင်ဆိုင်ချင်တာပေါ့
ကိုယ်က အသည်းထဲထိ နင့်နေအောင်
ချစ်ရတဲ့သူလေ......
ဒါဆို ပိုင်ဆိုင်ရဖို့ ကြိုးစားမှာလားလို့ မေးရင်
ကိုယ် ကြိုးစားမိမယ် မထင်ဘူး.....အချစ်
အဖြူထည် သက်သက် ချစ်ခဲ့မိတဲ့ အပြင်
ကိုယ့်ချစ်ခြင်းတွေမှာ အသက်ထက်ပိုပြီး
မြတ်နိုးမှုတွေပါ ပျော်ဝင်နေတာမို့
ကိုယ်က မင်းကို ရူးသွပ်စွာ ချစ်မိတဲ့ လူပါ.....

~•~•~•~•~•~•~•~•~•~•~•~•~•~•~•~

To be continued.......

•~ ENDLESS ~•Where stories live. Discover now