အောက်က အဖြူရောင် ဒူးဖုံးဘောင်းဘီလေးက
ဒီတိုင်း ရှိနေသေးတာမို့ Luhan အမဲရောင်
V shape လက်ရှည်အကျႌလေးကို ဝတ်လိုက်တယ်.....
အကျႌက V shape မို့ လည်ပင်းက
marking တွေက အတိုင်းသား မြင်နေရပြီမလား.....
နို့နှစ်ရောင် အသားအရည် ဖြူစွတ်စွတ်ပေါ်က
အနီရောင်အကွက်တွေက အကျႌအမဲရောင်ရဲ့
ပံ့ပိုးမှုကြောင့်ရော လည်ပင်းစပ်နားတဝိုက်ထိကို
ထင်းထင်းကြီး မြင်နေရတယ်ရယ်....
Luhan မှန်ထဲကို သေချာပြန်ကြည့်ပြီး ြ
ပင်ဆင်ပြီးမှ ထွက်လာခဲ့တယ်.....
ဧည့်ခန်းထဲ ရောက်တော့ ဆိုဖာတစ်ခုံထဲမှာ
နီးနီးကပ်ကပ် ထိုင်နေကြရင်းနဲ့ Sehun က
ကျနော် ထွက်လာတာ မြင်တော့.....
"Xiao Lu....Xing ဖို့ တခုခု လုပ်ပေးလိုက်ပါဦး
Xing coffee ပဲ မလား"
"အာ....hun ကလည်း Luhan ကို အားနာစရာကြီးကို"
"ကျနော် coffee ယူလာခဲ့ပါမယ်....."
ကျနော့်ကို တိုင်တည်ပြီး ပြောနေကြတာဆိုပေမဲ့
နှစ်ယောက်လုံးရဲ့ မျက်လုံးအကြည့်တွေက
ကျနော့်ဆီ ရောက်မလာပဲ သူတို့ မျက်လုံးအိမ်
အချင်းချင်းမှာပဲ ပျော်ဝင်နေကြလေတော့.....
အဲ့ အောင့်သီးအောင့်သက် အခြေအနေတစ်ခုကနေ
ရှောင်လွဲနိုင်ဖို့က ကျနော် အဲ့နေရာကနေ
ထွက်သွားဖို့ပဲ မလား......
ကျနော် ကော်ဖီခွက်ကို မွှေနေရင်း
လက်မောင်းရင်းက အောင့်တက်လာတယ်.....
လူကြီး ကိုက်ထားတာက အသားထဲထိ
နက်နေအောင် ကိုက်ထားတာမို့......
ရင်ဘတ်ထဲက နာကျင်မှုတချို့ရယ်
ခန္ဓာကိုယ်ပေါ်က နာကျင်မှုတချို့ရယ် ေ
ပါင်းစည်းမိတော့ မျက်ဝန်းတွေထဲ ေ
ဝ့ဝဲလာတဲ့ မျက်ရည်စက်အချို့က ကော်ဖီခွက်ထဲ
ခုန်ပေါက်ဆင်းသွားလေတယ်....
ကျနော့် မျက်ရည်စက်တွေ ရောပါနေတဲ့ ေ
ကာ်ဖီတစ်ခွက်က ပိုပြီးများ
အရသာရှိနေမလား.....Zhang Yi Xing
"Zhang Yi Xing noona.....သောက်ပါဦး"
ငယ်သူငယ်ချင်းပါ ဆိုတဲ့ သူတို့နှစ်ဦးက
ဘေးချင်းကပ်ရပ် ထိုင်နေကြတော့ နောက်မှ
သိကျွမ်းခဲ့ရပြီး ချစ်သူဆိုတဲ့ အဆင့်မှာပဲ ရှိတဲ့
ကျနော်က အလိုက်တသိ သူတို့ မျ
က်နှာချင်းဆိုင်က sofa မှာပဲ ဝင်ထိုင်ပေးလိုက်တယ်.....
YOU ARE READING
•~ ENDLESS ~•
Fanfictionလူကြီး....အချစ်ဆိုတာ ဘယ်လိုမျိုးလဲ ရယူခြင်းတို့ ပေးဆပ်ခြင်းတို့ လူတွေ အမျိုးမျိုး ငြင်းခုန်နေကြချိန်မှာ ကျနော်ကတော့ သေချာပြောနိုင်တယ်....အချစ်ဆိုတာ လူကြီး ကိုယ်တိုင်ပါပဲ..... အချစ်က အတ္တကြီးသလို ကိုယ်ကလည်း အတ္တကြီးတယ် ကလေး....အမှန်ဆို မင်းက ကိုယ့်စိတ်...
Part 3
Start from the beginning
