Sehun ပြုတ်ထွက်နေတဲ့ သူ့ရှုပ်အကျႌ
ကြယ်သီးတွေကို ပြင်တပ်ပြီး ရှုပ်ပွနေတဲ့
ဆံပင်တွေကို ပြင်ဆင် ထွက်သွားတဲ့တိုင်အောင်
Luhan ခုတင်ပေါ်ကနေ မထနိုင်သေး.....
ဝမ်းဗိုက်တလျှောက်လုံးမှာ Sehun ကိုက်ခဲထားတဲ့
နေရာတွေက ခုထိ တဆစ်ဆစ်နဲ့ နာနေသေးတယ်....
လက်မောင်းသားတွေရော ပုခုံးသားတွေအထိ ေ
သွးထွက်အောင် ကိုက်ထားတာကြောင့်
နေရာပေါင်းစုံကနေ နာကျင်မှုကို ခံစားနေရတယ်.....
"ဟင် Xing လာတာလား...."
Xing ဆိုတဲ့ အသံကြားတာနဲ့ လည်ပင်းက
အကွင်းအကွက်တွေကြောင့် နာနေတာတောင်
ခေါင်းက အလိုလို မတ်မိတဲ့အထိ....
အဲ့အမျိုးသမီးကို ကျနော် မုန်းတယ်ရယ်....
"Xiao Lu ရေ.....Xing ရောက်နေတယ်"
ဒါက Oh Sehun ရဲ့ အမိန့်မဆန်တဲ့ ေ
စခိုင်းချက်တစ်ခုဆိုတာ ကျနော်သိတယ်....
ထွက်တွေ့ရဦးမှာပေါ့လေ....မတွေ့ချင်တဲ့လူ
ဖြစ်နေတာတောင်မှ......
ဘာအကြောင်းပြချက် မယ်မယ်ရရ
ကြောင့်နဲ့မှ မဟုတ်ပဲ သူမကို
မနှစ်မြို့ဘူး ဖြစ်နေတယ်....
ပြီးတော့ ကျနော့် လူကြီးက အဲ့ Xing ဆိုတဲ့
အမျိုးသမီးရှေ့မှာ ဘယ်တော့မှ ကျနော့်ကို
"ကလေး" လို့ မခေါ်ဖူးဘူးလေ....
Jin Woo hyung ရှေ့မှာတောင်
အဲ့လိုခေါ်တတ်တဲ့ လူက Zhang Yi Xing ဆိုတဲ့
အဲ့အမျိုးသမီးရှေ့ရောက်ရင်
အဲ့လို မခေါ်တော့တာ.......
ဒါက ကျနော့် ရင်ထဲမှာ
ဖြစ်တည်နေတဲ့ အစိုင်အခဲတစ်ခု.....
ခုတင်ဘေးမှာ ပုံကျနေတဲ့ ရှုပ်အကျႌက
Sehun ဆုတ်ဖြဲပြီး လွှင့်ပစ်လိုက်တာကြောင့်
ပြန်ဝတ်လို့ ရမှာ မဟုတ်တော့.....
ဘီရိုထဲကနေ လည်ပင်းထိပါ လုံနေမယ့်
ဆွယ်တာတစ်ထည်ကို ထုတ်ပြီးနေမှ
Luhan မဝတ်ချင်တော့......
ဘယ်လောက်ပဲ ငယ်သူငယ်ချင်းတွေမို့
ရင်းရင်းနှီးနှီး နေပါတယ် ပြောပြော
ယောကျာ်းလေး နှစ်ယောက် အထူးသဖြင့်
ကျနော်တို့လို ချစ်သူနှစ်ယောက် နေနေတဲ့
အိမ်ကို အကြောင်းမကြား ဘာမကြားနဲ့
အမျိုးသမီး တစ်ယောက်က မဆင်မခြင်တော့
မလာသင့်ဘူးမလား.....
နောက် မလာချင်တော့အောင်
နည်းနည်းတော့ လုပ်ပေးရမယ်ရယ်.....
YOU ARE READING
•~ ENDLESS ~•
Fanfictionလူကြီး....အချစ်ဆိုတာ ဘယ်လိုမျိုးလဲ ရယူခြင်းတို့ ပေးဆပ်ခြင်းတို့ လူတွေ အမျိုးမျိုး ငြင်းခုန်နေကြချိန်မှာ ကျနော်ကတော့ သေချာပြောနိုင်တယ်....အချစ်ဆိုတာ လူကြီး ကိုယ်တိုင်ပါပဲ..... အချစ်က အတ္တကြီးသလို ကိုယ်ကလည်း အတ္တကြီးတယ် ကလေး....အမှန်ဆို မင်းက ကိုယ့်စိတ်...
Part 3
Start from the beginning
