သူပေးတဲ့ နာကျင်မှုတွေကို ကျနော်က
ရူးမိုက်စွာ သဘောကျပါတယ် ဆိုတာကလည်း
သူသိနေတဲ့ ကျနော့် အားနည်းချက် ဖြစ်နေတာမို့.....
ချစ်သူက နာကျင်အောင် လုပ်ရတာကလည်း
ချစ်ပုံချစ်နည်းထဲက တစ်ခုပါဆိုတာကို
Oh Sehun ဆိုတဲ့ လူသားက ယုံကြည်နေတာမို့.....
ကျနော့်ရဲ့ နှလုံးသားက လွဲပြီး နာကျင်မှုတွေကို
ခန္ဓာကိုယ်တစ်ခုလုံးမှာ ခြယ်လှယ်လှည့်ပါ.....အချစ်
~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•
ကျနော်က သူ့အပေါ် အနိုင်ယူတာ များလွန်းတယ်
ဆိုရင်တောင် အဲ့အနိုင်ယူမှုတွေကို ကျေကျေနပ်နပ်
ခံယူနေတာက သူပဲ မလား....
ချစ်ရတဲ့ သူအတွက် နာကျင်ခံစားနေရတာပဲလေ
သူပျော်မှာပါ.......
~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•
Jin Woo ဒီနေ့ အရေးကြီး meeting
ရှိတာကြောင့် Mr.Oh ကို ဆက်တိုက်
ဖုန်းခေါ်နေပေမဲ့လည်း Sehun က ဖုန်းမကိုင်......
ဘာတွေများ အဲ့လောက် အလုပ်ရှူပ်စရာ
အကြောင်းရှိလို့လဲ.....ဒီအချိန်ထိ အိပ်နေရအောင်
ဆိုတော့လည်း 10 နာရီတောင် ကျော်နေပြီကို....
Mr.Oh က ဘယ်လောက် အိပ်ရေးပျက်ပျက်
ဒီအချိန်လောက်ထိ အိပ်တတ်တဲ့ လူမျိုးမှ
မဟုတ်ပဲ.....Meeting က တစ်နာရီကျမှ စမှာ
ဆိုပေမဲ့ Mr.Oh က တင်ပြရမယ့် အချက်တွေကို ေ
လ့လာရဦးမှာလေ ဒီလောက် အရေးကြီးတဲ့
ရှယ်ရာရှင် အစည်းအဝေး ရှိနေတာကို......
"Xing.....Mr.Oh အိမ်ကို သွားပေးမလား
ဖုန်းခေါ်နေတာ ဆက်တိုက် မကိုင်လို့
ဒီနေ့ meeting ရှိနေတာကို"
"Hun က ဖုန်းမကိုင်ဘူးလား
အင်း......အာ့ဆို သွားပေးမယ်လေ"
"ok....ခေါ်ပြီး တူတူ ပြန်လာခဲ့နော်
ငါ စာရွက်စာတမ်းတွေ ပြင်ဆင်နေလိုက်မယ်"
~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•
"Ting Tong......Ting Tong"
Sehun bell သံကြားတော့ Luhan ရဲ့
ခါးတဝိုက်မှာ ချိတ်တွယ်ထားတဲ့ လက်တွေက
ပြေလျော့သွားတယ် Luhan ကလည်း
မောသွားပြီး မှိန်းနေတော့ သူလည်း မထချင်ဘူးရယ်....
"လူကြီး....bell တီးနေတယ် မလား"
"အင်း.....ကိုယ် သွားဖွင့်လိုက်မယ်"
YOU ARE READING
•~ ENDLESS ~•
Fanfictionလူကြီး....အချစ်ဆိုတာ ဘယ်လိုမျိုးလဲ ရယူခြင်းတို့ ပေးဆပ်ခြင်းတို့ လူတွေ အမျိုးမျိုး ငြင်းခုန်နေကြချိန်မှာ ကျနော်ကတော့ သေချာပြောနိုင်တယ်....အချစ်ဆိုတာ လူကြီး ကိုယ်တိုင်ပါပဲ..... အချစ်က အတ္တကြီးသလို ကိုယ်ကလည်း အတ္တကြီးတယ် ကလေး....အမှန်ဆို မင်းက ကိုယ့်စိတ်...
Part 3
Start from the beginning
