"ဟုတ် လူကြီးလည်း အလုပ်တွေ မပြီးသေးဘူးမလား"

"အင်း ကျန်နေသေးတယ်"

"ခဏ ခဏလေး ဒီလိုနေမယ်
အားရှိသွားအောင်"

ဆယ်ဟွန်းပေါင်ပေါ် တက်ထိုင်နေတာကြောင့်
ခေါင်းချင်း ညီသွားတာမို့ လုဟန် သူ့ ခေါင်းလေးကို
ဆယ်ဟွန်းပခုံးပေါ် မှီတင်ထားပြီး
ကျောကုန်းကိုလည်း တင်းကျပ်နေအောင်
သိုင်းဖက်ထားတယ်

ဆယ်ဟွန်းကလည်း ပခုံးပေါ် ရောက်နေတဲ့
လုဟန်ခေါင်းလေးကို အလိုက်သင့်
ပြန်ပွတ်သပ်ပေးနေရင်းနဲ့

"ပင်ပန်းနေပြီလား ကလေး
စာတွေ အရမ်းများလား"

"အင်း. ပင်ပန်းတယ်
အာ့ကြောင့် လူကြီးကပါ
စိတ် ပင်ပန်းရအောင် ထပ်မလုပ်နဲ့"

"အင်းပါ လာ ထတော့
ဓါတ်ဆီ ဖြည့်ပေးမယ်"

ကြွလာတဲ့ လုဟန်မျက်နှာလေးကို
ပါးကနေ လက်နှစ်ဖက်နဲ့ ထိန်းကိုင်လိုက်ပြီး
နဖူး ၊ မျက်လုံး ၊ ပါးနှစ်ဖက် ၊ မေးစိ နဲ့
နှာခေါင်းထိပ် နားရွက်ဖျားလေးတွေကိုရော
နေရာစုံ ဖိနမ်းပေးလိုက်တယ်

အလိုက်သင့်လေး မျက်လုံးမှိတ်ပေးထားတဲ့
ကလေးကို တချက် အသည်းယားစွာ
ကြည့်ပြီးတော့ ဆယ်ဟွန်း သူရဲ့ အနမ်းတွေကို
လုဟန်ရဲ့ ပန်းနုရောင် နှုတ်ခမ်းပါးဆီကို ဦးတည်လိုက်တယ်
အပေါ်အောက် နှုတ်ခမ်း နှစ်လွှာလုံးကို
အားပြင်းပြင်းနဲ့ တလှည့်စီ ဖိစုပ်ပြီးတော့
နှုတ်ခမ်းတစ်ခုလုံးကို ခပ်ဖွဖွ တချက်
ပြန်နမ်းပြီးမှ လွှတ်ပေးလိုက်တယ်
လုဟန်ကတော့ ထုံးစံအတိုင်း ပါးနှစ်ဖက်က ရဲတက်နေလေရဲ့

"ကဲ ဓါတ်ဆီ အပြည့်နော်
စာ သေချာ သွားလုပ်တော့"

"ပြီးတော့ လက်ဆောင် ဝယ်ပေးထားသေးတယ်
ကလေး လိုချင်တယ်လို့ ပြောထားတဲ့ဟာ
ညကျ စာလုပ်ပြီးရင် ပေးမယ်"

ဆယ်ဟွန်းပေါင်ပေါ်ကနေ ဆင်းသွားပြီးတော့မှ
"ချစ်တယ် ချစ်တယ်" လို့ ပြောပြီး သူ့ပါးနှစ်ဖက်ကို
ဘယ်ပြန်ညာပြန် ရွှတ်ခနဲ ရွှတ်ခနဲ နမ်းသွားတဲ့
ကလေးလေး အခန်းထဲကနေ ခုန်ပေါက်ပြီး
ထွက်သွားတာကို ဆယ်ဟွန်းပြုံးပြုံးကြီး ကြည့်နေမိတယ်

•~ ENDLESS ~•Where stories live. Discover now