"အဲ့လိုကြီး မကြည့်နဲ့ဆိုဗျာ"

"ဘာလဲ ရင်တွေ ခုန်လာလို့မလား
ကိုယ့် ယောကျာ်းကို ကိုယ် ပြန်ကြွေနေတဲ့
ရှောင်လု ပါတဲ့ဗျား...."

"အဲ့လိုကြီး လာလုပ်ရင် မနေတတ်ဘူးလို့
ခင်ဗျားကို ပြောထားသားပဲ"

"အင်းပါ အင်းပါ ဟ နောက်တခု"

လုဟန် ပါးစပ်က ဝါးနေရင်းနဲ့တောင်
ဆယ်ဟွန်းကို ပြန်ရန်တွေ့ချင်နေသေးတယ်

"လူကြီး ခုနက ရှောင်လုကို အော်တယ်"

"ကလေးက ကိုယ် ရှင်းပြတာမှ နားမထောင်ပဲ
ကိုယ် စိတ်ဆိုးအောင် လျှောက်ပြောနေတာကို"

"ရှောင်လုဆီကို ဖုန်းလေး တချက်တောင် မဆက်ခဲ့ဘဲနဲ့"

"ကိုယ် ရှင်းပြမယ်"

အစက စူစူပုတ်ပုတ်နဲ့ နားထောင်နေပေမယ့်
ဆယ်ဟွန်းက မနေ့က ဘူဆန်မှာ
မိုးတွေ အရမ်း သည်းခဲ့တဲ့ အကြောင်း
ဖုန်းကလည်း အားကုန်သွားပြီးတော့
charging ကြိုး ရှာမတွေ့တဲ့အကြောင်း
ရုတ်တရက် စက်ရုံက မန်နေဂျာက
ဆေးရုံတင်လိုက်ရတာမို့ သတင်းသွားမေးတာကြောင့်
Jin Woo ကိုတောင် အကြောင်းမကြားနိုင်ခဲ့တဲ့အထိ
အလုပ်တွေ ရှုပ်ခဲ့ကြောင်းတွေ

ပြီးတော့ လုဟနါကို ချော့ချင်တာကြောင့်
ဖုန်းမဆက်တော့ဘဲနဲ့  kimbab လုပ်ပြီး
စောင့်နေခဲ့ကြောင်းတွေကို စိတ်ရှည်လက်ရှည်နဲ့
သေချာ ရှင်းပြတော့မှ မျက်နှာလေးက ငိုမဲ့မဲ့နဲ့ရယ်

လုဟန်တစ်ယောက် ရှင်းပြတာတွေကို နားထောင်နေရင်း
ဆယ်ဟွန်းကို မျက်ရည်တွေ ဝဲပြီး စိုက်ကြည့်နေတော့

"ကြည့် ဝမ်းနည်း နေပြန်ပြီ"

"ရှောင်လု အရမ်းများ ဆိုးသလို ဖြစ်သွားလားဟင်
လူကြီး ဘာဖြစ်နေလည်း မသိဘဲနဲ့ အထင်လွဲခဲ့မိတာ"

"ရပါတယ်ဗျာ ကိုယ့်ချစ်သူလေးက
အဆိုးအဆာလေးမှန်း သိပြီးသားပါ"

"အဲ့အဆိုးလေးကို ခင်ဗျားပဲ အလိုမလိုက်တာ"

"ချစ်တယ် ကလေးရယ်"

"ရှောင်လုလည်း ချစ်တယ် အများကြီး"

"Final Exam နီးနေပြီ မလား စာ သွားကျက်ဦး"

•~ ENDLESS ~•Where stories live. Discover now