"လူကြီး ကျနော် ဝင်လာမလို့"

တံခါးကို ဖွင့်ကြည့်တော့
ထုံးစံအတိုင်း lock မချထားဘူးရယ်
ဟွန့် သူလည်း မှားသေးတယ်
ပြီးတော့ အချော့ခံချင်နေတာ

အခန်းထဲ ဝင်လာတော့ ဆယ်ဟွန်းက
ခုံကို လှန်ချပြီး ခေါင်းမှီထားတယ်
အိပ်ပျော်နေတာ ထင်တယ် ပင်ပန်းနေတာများလား
မနေ့ညက ဘယ်လောက်တောင် အလုပ်ရှူပ်ခဲ့လဲ မသိဘူး
အမှန်ဆို သူရှင်းပြတာ နားထောင်လိုက်ရမှာ
ကျနော် မှားသွားပြီလား

လုဟန်ဗန်းလေးကို စားပွဲပေါ် ချပြီး လှည့်ထွက်ဖို့အလုပ်

"ကလေး"

လုဟန်လန့်သွားပြီး အဲ့အတိုင်း ရပ်နေမိတုန်း

"ကိုယ့်ဆီလာ"

"လာပါဆို ခေါ်နေတာကို"

အဲ့ ခွေးစုတ်လေးဟာလေ ပြောရင်
ဘယ်တော့မှ တခွန်းထဲနဲ့ မရဘူး
ကျနော့်ကိုဆို ဂလန်ဂဆန် လုပ်ရမှ
ကျေနပ်တဲ့ အကောင်လေး
ပြောလည်း ပြောစကား နားမထောင်ဘူး

"ရှောင်လု လာနော်
ကိုယ် ထပြီး လာခေါ်ရရင်
ညင်ညင်သာသာလေး ရောက်လာမှာတော့ မဟုတ်ဘူးနော်"

လုဟန် အဲ့တော့မှ ဆယ်ဟွန်းနားကို လျှောက်သွားပြီး

"ဟောဗျာ ချော့မလို့ ခေါ်တာကို ပါးစပ်က ပွစိပွစိနဲ့"

"အမယ်လေး အိုဆယ်ဟွန်းကြီးရယ်
သူက လာချော့မယ် မရှိဘူး
အချော့ခံရမယ့် လူကပဲ သူ့ရှေ့အရောက် လာရဦးမယ်"

ဆယ်ဟွန်း လုဟန်ကို ပေါင်ပေါ် ပွေ့တင်လိုက်ပြီး

"စိတ်ကောက်ပြေနေပြီပဲကို
ကောင်လေးက မူနေသေးတယ်"

"ဘယ်သူက ပြေပြီ ပြောလို့တုန်း"

"ကိုယ် သိတာပေါ့
ကိုယ့်ချစ်သူ မျက်နှာလေး ကြည့်လိုက်တာနဲ့
ဘာဖြစ်နေမှန်းသိပြီးသား"

"ဖယ်စမ်းပါဗျာ အပိုတွေ
ဗိုက်ဆာနေပြီ သွားစားဦးမယ်"

"ကိုယ်နဲ့ တူတူစားလေ
ဒီမှာလည်း ရှိနေတာပဲကို"

"ခွံကျွေးမယ်ပါးစပ်ဟ
အာ......"

ဆယ်ဟွန်း kimbab တစ်ခုကို ခွံကျွေးလိုက်တယ်
ပြီးတော့ လုဟန်မျက်နှာကို စိုက်ကြည့်နေတော့

•~ ENDLESS ~•Where stories live. Discover now