"မင်းအချိုးက အမြဲတမ်း ဒီလိုပဲ လုဟန်
ဘယ်တော့မှ ငါရှင်းပြမှာကို မင်းနားထောင်မပေးဘူး"

"အာ့ဆိုလည်း ရှင်းလေ ခု ရှင်းပြ"

"တော်ပြီ လုဟန်ရယ်
ငါ ရှင်းပြလည်း အပိုပဲမလား"

"ဟက် အစကတည်းက မပြောချင်လည်း မပြောနဲ့ပေါ့
ကျနော့်ကို လူဆိုးဖြစ်အောင် လာလုပ်နေတယ်"

ဆယ်ဟွန်းဒေါကြီးမောကြီးနဲ့
သူ့စာဖတ်ခန်းထဲကို ဝင်သွားတယ်
အရမ်း စိတ်တိုဖို့ ကောင်းတယ်မလား
ကိုယ်မှားသွားမှန်း သိလို့ စိတ်ရှည်လက်ရှည်နဲ့
ချော့ဖို့ လုပ်ထားခဲ့တာလေ
သူ စိတ်ဆိုးပြေအောင်တောင် တယုတယနဲ့
Kimbub တွေ လုပ်ထားပေးတဲ့ဟာကို

လုဟန်ရေချိုးနေရင်းနဲ့ ငိုနေမိပြန်တယ်
အိုဆယ်ဟွန်းနဲ့ ပက်သက်လာရင်
ကျနော်က အရမ်းကို ခံစားလွယ်လွန်းတယ်လေ
အကြာကြီး အချိန်ပေးစောင့်နေတုန်းက
Msg လေး တစ်စောင်တောင် မပို့ခဲ့ပဲနဲ့
အခု အရမ်း စိတ်ဆိုးနေတဲ့ အချိန်ကျမှ
ချစ်လာကြတာလည်း ၄လ တောင် ရှိနေပြီ
နည်းနည်းလေးလည်း အလိုက်သိပေးဦးပေါ့ ခင်ဗျားရယ်

လုဟန် ရေချိုးပြီးတော့မှ ဗိုက်က ဆာလာတယ်
ကျောင်းမှာလည်း နေ့လည်စာက်ို
သေချာ စားမလာတော့ ဗိုက်က ဆာနေပြီ
လူကြီးလည်း ခုထိ အခန်းထဲက ထွက်မလာသေးဘူး
ညနေတောင် စောင်းနေပြီကို သူလည်း ဗိုက်ဆာနေတော့မှာ

မီးဖိုထဲ ဝင်ကြည့်မိတော့မှ စားပွဲပေါ်မှာ
ပိတ်စနဲ့ အုပ်ထားတဲ့ ပန်းကန်တစ်ချပ်

အင် Kimbab တွေ
လူကြီး လုပ်ပေးထားတာပေါ့
ကျနော့်အကြိုက် ကြက်အူချောင်းကို
တချောင်းလုံးအပြည့် ထည့်ပြီး လုပ်ထားတာ
နည်းနည်းတောင် အေးစက်စက် ဖြစ်နေပြီရယ်

ပြန်နွှေးပေးရမယ်
ကျနော်က ဘာစားစား အေးမှ စားပေမယ့်
လူကြီးက နွေးနွေးလေး စားရတာကို
ပိုပြီး သဘောကျတာလေ

Kimbab တွေကို microwave ထဲ
ထည့်ထားရင်းနဲ့ ရေခဲသေတ္တာထဲက
ပန်းသီးဖျော်ရည်ကိုပါ ဖန်ခွက်တစ်ခုထဲ
ထည့်ပေးပြီး ဗန်းတစ်ခုထဲ ထည့်လိုက်တယ်

•~ ENDLESS ~•Where stories live. Discover now