ရေချိုးပြီး ဗိုက်ဆာလာလို့ ရေခဲသေတ္တာထဲ ဖွင့်ကြည့်တော့ ကိတ်မုန့်တစ်လုံး ထည့်ထားတာ တွေ့တယ်
Strawberry cake ဆိုတဲ့ အသိက ရင်နာစေပြန်တယ်
ကလေးက တကယ် ပြင်ဆင်ထားခဲ့တာပဲ
ညက စောင့်ရင်းနဲ့ ဗိုက်ဆာလာလို့ ဖဲ့စားထားတယ် ထင်ပါ့
ညာဖက် အခြမ်းက နည်းနည်းတောင် ပုံပျက်နေပြီ
ကျောင်းသွားကြိုလိုက်ရမလား
အာ့ဆို ကလေး စိတ်ကောက် ပြေသွားမှာ
သူ လိုချင်တယ်လို့ ပူဆာထားတဲ့
limited watch လေး ဝယ်ပေးထားမှန်းသိရင်
ပျော်သွားမယ့်ပုံလေးလည်း မြင်ချင်လှပြီကွာ
ကျောင်းမသွားမကြိုဖြစ်ပဲ ဆယ်ဟွန်းအိမ်မှာပဲ
စောင့်နေဖို့ ဆုံးဖြတ်လိုက်တယ်
လုဟန်ကြိုက်တတ်တဲ့ Kimbab ကို ပြင်ဆင်ရင်းနဲ့
သူကလည်း Kimbab ပဲ ကျွမ်းကျွမ်းကျင်ကျင်
လုပ်တတ်သလိုလုဟန်ကလည်း သူလုပ်ကျွေးတဲ့ဟာဆို
အရမ်း ကြိုက်တာမလား
ဒါက တစ်ဝက်လောက်ထိ စိတ်ဆိုးပြေစေမယ့် နည်းလမ်းပါ
ကလေး မုန့်ကျွေးကြိုက်တယ်လို့ ပြောလည်း
ကျနော် Oh Sehun က ခံရတော့မှာပါပဲဗျာ
~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•
လုဟန်အိမ်ပြန်ရောက်တော့ အိမ်ရှေ့မှာ
လူကြီးရဲ့ ဖိနပ်ကို တွေ့တယ်
ဪ ပြန်ရောက်နေပြီပေါ့
ဒါတောင်မှ ဖုန်းလေး တချက်မဆက်ဘူး
ကျောင်းဆင်းပြီးပြီးချင်း စိတ်အားထက်သန်စွာနဲ့
Power off ထားတဲ့ ဖုန်းကို ပြန်ဖွင့်ခဲ့ပေမယ့်
ဘာ missed call မှ ရှိမနေခဲ့ဘူးလေ
အခု စိတ်အခြေအနေက လုံးဝက်ို minus ဖြစ်နေပြီ
"ကလေး"
"အင်း"
"ကိုယ့်ကို စိတ်ဆိုးနေတာလား"
"ရော် ဘာအကြောင်းကြောင့်များ စိတ်ဆိုးရမှာတုန်း"
"ကလေး မရွဲ့ပါနဲ့လား
ကိုယ် ချော့မလို့"
"အဟက် ချော့စရာ မလိုပါဘူး လူကြီးရဲ့
ကျနော့်ချစ်သူအိုဆယ်ဟွန်းက သေလောက်အောင်
အလုပ်များတဲ့လူမှန်း ကျနော် သိပါတယ်
နားလည်ပေးရမှာပေါ့နော် အလုပ်တွေက
ကျနော့်ထက် အရေးကြီးတယ်မလား"
"Luhan!!!!"
"အဟင်း ဒါလေး ပြောမိတာကို စိတ်တို ပြန်ပြီလား
ကျနော် စိတ်တိုဖို့လည်း ထားပါဦး လူကြီးရယ်
ကျနော့်ချစ်သူက ၂၄နာရီလောက် ပစ်ထားတဲ့အပြင်
ပြင်ဆင်ပေးထားခဲ့တဲ့ Anni suprise ဆီကိုတောင်
ရောက်မလာလို့လေ ကျနော်လည်း စိတ်တိုပါရစေဦး"
YOU ARE READING
•~ ENDLESS ~•
Fanfictionလူကြီး....အချစ်ဆိုတာ ဘယ်လိုမျိုးလဲ ရယူခြင်းတို့ ပေးဆပ်ခြင်းတို့ လူတွေ အမျိုးမျိုး ငြင်းခုန်နေကြချိန်မှာ ကျနော်ကတော့ သေချာပြောနိုင်တယ်....အချစ်ဆိုတာ လူကြီး ကိုယ်တိုင်ပါပဲ..... အချစ်က အတ္တကြီးသလို ကိုယ်ကလည်း အတ္တကြီးတယ် ကလေး....အမှန်ဆို မင်းက ကိုယ့်စိတ်...
Part 2
Start from the beginning
