"အင်း"

"Wae သေချာ ပြောလေ
ဘာဖြစ်လို့လဲ"

"မနေ့ကကွာ ငါက anni အတွက်
သေချာ ပြင်ဆင်ပြီး စောင့်နေတာ
ဟက် သူက ရောက်မလာဘူးလေ
ငါ့ကို ဖုန်းလေး တချက်တောင် မဆက်ဘူး"

"မင်းကရော မဆက်ဘူးလား"

"မဆက်ပါဘူး အောက်တာပေါ့
ငါက suprise လည်း လုပ်ထားရသေးတယ်
ထပ်ပြီး သူ့ကိုပါ ပင့်နေရဦးမှာလား"

"Xiao Han ရာ
အဲ့လို မာနတွေ ထားလေ
မင်း ပင်ပန်းလေ ဖြစ်မှာပါဆို
တွေ့လား ခုပဲ မျက်ရည်က ဝဲလာပြီ
ပြီးရင် မင်းပဲ ငိုနေ"

"ငါလည်း ပင်ပန်းတယ် Soo ရယ်"

"တော်ပြီ တော်ပြီ ငိုမနေနဲ့
လှတာလည်း မဟုတ်ပဲနဲ့"

"လာပြန်ပြီ နောက်တစ်ကောင်
မကောင်းမကန်း ဟာတွေ"

"လာစမ်းပါကွာ ပြိတ္တာမျက်ရည် မြေမကျကောင်းဘူးတဲ့
အတန်းသွားတက်မယ် လာ လာ"

Soo နဲ့ အခန်းထဲကို လမ်းလျှောက်လာနေရင်းနဲ့
ကျနော် တမင် သက်သက် ဖုန်းကို ပိတ်ထားမိတယ်
လူကြီးများ ဖုန်းဆက်ရင် စက်ပိတ်ထားပါတယ် ဆိုတဲ့
အသံကိုကြားပြီး စိတ်ပူစေချင်လို့လေ
ဖုန်းပြန်ဖွင့်ရင် missed call လေးတွေများ
တွေ့လို့တွေ့ညား ဆိုတဲ့ အတွေးလေးနဲ့တင် ကြည်နူးနေတာမို့

ဒါမဲ့ သူက မဆက်လောက်ပါဘူး
မဆက်မှာမှန်းလည်း သိပါတယ်
ကျနော်ကိုက မိုက်ရူးရဲဆန်မိတာပါ
လူကြီးက ကျနော် ထင်သလောက် ကျနော့်ကို မချစ်ဘူးလေ

~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•

ရူးမတတ် ချစ်နေရတာပါ လူကြီး
ခံစားချက်တွေက အစွန်းစွန်ဆုံး ဖြစ်နေတာပါ
ကလေးဆန်လိုက်တာလို့ အပြစ်မတင်လိုက်ပါနဲ့
လူကြီး တစ်ယောက်ထဲကိုပဲ
ဖြူစင်စွာ ချွဲနွဲ့ချင်တာ ကျနော့် အတ္တမို့ပါ

~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•

အိမ်ပြန်ရောက်တော့ မဖြုတ်ရသေးတဲ့
ပူဖောင်းလေးတွေက အစီအရီ စောင့်ကြိုနေရှာတယ်
ရင်ထဲ နင့်ခနဲရယ်
ဒီ ပူဖောင်းလေးတွေနဲ့ အတူ ကလေးက
ကိုယ် ပြန်လာမှာကို စောင့်နေခဲ့တာတဲ့လား
ကိုယ် တကယ် မကောင်းတဲ့ ကောင်ပဲကွာ
ကလေး အရမ်း ဝမ်းနည်းသွားမယ် ထင်တယ်
ကျေနပ်တဲ့အထိ ကိုယ် ချော့မှာပါ

•~ ENDLESS ~•Tempat cerita menjadi hidup. Temukan sekarang