Ep.22

2.9K 315 9
                                    

Baekhyun တို့ကားပေါ်က အလန့်တကြားပြေးဆေးလာတာမို့ Chanyeol အပါအဝင်အားလုံး ကားထဲအကြည့်အရောက်...တွေ့လိုက်ရတာက ဟို...ဟို...အရုပ်သရဲမလား??

မျက်လုံးကြီးနီရဲကာ သူတို့ကိုစိုက်ကြည့်နေတဲ့ ထိုအရုပ်သရဲရဲ့ပုံစံကခြောက်ခြားဖွယ်..

Baek-"Yeol...yeol ah အဲ့သရဲ...အဲ့သရဲက ငါတို့ကိုသတ်မလို့တဲ့ ငါ...ငါသူ့ကိုကြောက်တယ်"

ရင်ခွင်ထဲပြေးဝင်လာကာ ကြောက်လန့်နေတဲ့အသံနဲ့ပြောတဲ့ Baekhyun လေးကို Chanyeol တင်းနေအောင်ဖက်လိုက်ပြီး....

Yeol-" ဘာမှမကြောက်နဲ့နော် ကလေး ကိုယ်ရှိတယ်နော် မကြာက်နဲ့"

Chanyeol ပြောသာပြောနေရပေမဲ့ သူကိုယ်တိုင်လည်းကြောက်နေမိသည်။
မကြောက်ဘဲနေမလား...ဟိုတလောကတင်အဲ့အရုပ်သရဲနဲ့ထိပ်တိုက်တွေ့ခဲ့ရတာမလား

Yeol-"Lay hyung ဘယ်လိုလုပ်မလဲ?"

Lay-"ငါလည်းသူ့ကိုမနိုင်တော့ဘူး ပိုဆိုးတာက သူကဝိညာဉ်တွေကိုပါစားတဲ့မကောင်းဆိုးဝါးဖြစ်နေပြီ"

Layရဲ့စိတ်ပျက်လက်ပျက်အသံကြောင့် Chanyeol သက်ပြင်းချမိတယ်

ပြီးမှစောစောက ကားပေါ်လှမ်းကြည့်လိုက်တော့ အရုပ်သရဲကကားပေါ်ကဆင်းလာကာ သူတို့ဆီကိုတဖြည်းဖြည်းလျှောက်လာလေပြီ...

သူတို့အားလုံးသတိထားကာ တဖြည်းဖြည်းနောက်ဆုတ်နေမိသည်။

Xiu-"သူက ဘာသရဲလဲ? စောစောက Lay ပြောတာ ဝိညာဉ်စားတယ်ဟုတ်လား?? မဟုတ်မှ....ဟိုတလောကလွတ်သွားတဲ့အရုပ်သရဲတော့မဟုတ်ပါဘူးနော်"

Xiumin ရဲ့အလန့်တကြားမေးသံအဆုံး Lay လေးပင်စွာခေါင်းညိမ့်ပြလိုက်မိတယ်

Xiu-"မဖြစ်နိုင်တာ...အဲ့တာဆို ဘယ်လိုလုပ်မလဲ?? ငါကြားဖူးသလောက် သူကဝိညာဉ်တွေကိုစားပြီးရင် အရမ်းအစွမ်းကြီးသွားပြီလေ...ငါတို့အားလုံးကိုလွယ်လွယ်သတ်လို့ရတယ်"

Xiumin ပြောရင်း ထိုသရဲကိုပြန်ကြည့်မိတော့ သူတို့နားတောင်ရောက်တော့မယ်လေ
အားလုံးနောက်ကိုဆုတ်နေပေမဲ့ တဖြည်းဖြည်းနဲ့အနောက်ဘက်မှာ တောကြီးဘဲရှိတော့တာမို့ ရပ်လိုက်မိကြသည်။

The Ghost DollWhere stories live. Discover now