Ep.17

3K 335 18
                                    

Baekhyun သတိမေ့သွားတော့ Chanyeol အပါအဝင်အားလုံးပြာပြာသလဲဖြစ်ကုန်ကြလေပြီ

Yeol-"Sehun လုပ်ပြပါဦး Baek သတိလစ်သွားပြီ pali"

Sehun ကဆရာဝန်တစ်ယောက်ဆိုတော့ Chanyeol အတင်းအော်ခေါ်နေလေသည်။

Hun-"ဘာမှမဖြစ်ပါဘူး ခဏနေသတိရလာလိမ့်မယ် မင်းသာစိတ်အေးအေးထား Chanyeol"

Yeol-"Lay hyung...ဟိုသရဲပါလာတာတော့မဟုတ်ပါဘူးနော်"

Chanyeol ရဲ့စိုးရိမ်မှုအပြည့်ပါတဲ့ မေးခွန်းအဆုံး Lay လေးပင်စွာခေါင်းညိမ့်ပြလိုက်မိတယ်

ဘာလို့အဲ့သရဲကမပျက်စီးရတာလဲ? သူ့ရဲ့အစီအရင်တွေကတကယ်ဘဲမစွမ်းခဲ့ဘူးလား? ဘာတွေများလိုအပ်ချက်ရှိနေခဲ့တာလဲ?

အခုလုံးဝမကောင်းတော့ဘူး...စာအုပ်ထဲမှာဖတ်ရသလောက်ဆိုရင်တော့ ဒီသရဲကသူ့ကိုဖျက်ဆီးဖို့ကြိုးစားတဲ့အတွက် ဒေါသဖြစ်နေလောက်မှာ သူတို့ကိုဒုက္ခပေးဖို့ကြိုးစားတော့မှာအမှန်ဘဲ...

ဒါပေမဲ့သူ့ကိုဖျက်ဆီးခဲ့တာဆိုတော့အနည်းဆုံးတော့ အားရှိမှာမဟုတ်ဘူးလေ...လမ်းမကြီးမှာဆိုအားလုံးအခက်တွေ့ကုန်မှာ ဘာဘဲဖြစ်ဖြစ် အိမ်ကိုအမြန်ဆုံးပြန်ရောက်အောင်တော့သွားရမယ်

Lay-"ကဲ အခုအရင်ပြန်ရအောင် အိမ်ကိုအမြန်ဆုံးရောက်ဖို့အရေးကြီးတယ် အမြန်ဆုံးပြန်ကြတာပေါ့"

Kris-"ခဏလေး ငါအရေးကြီးတာတစ်ခုပြောစရာရှိတယ်...အခုငါတို့ဆက်သွားမဲ့လမ်းကကြမ်းတယ် မမြင်နိုင်တဲ့အရာတွေရှိနေတယ် အဲ့အတွက်ငါတို့အဖွဲ့အတွက်ခေါင်းဆောင်ဆိုတာလိုတယ်....ပြောရရင် အဲ့လိုမမြင်ရတဲ့အရာတွေကလူတွေကိုဒုက္ခပေးနိုင်တယ်...သာမန်အတိုင်းဆိုရင်ပေါ့...ဒါပေမဲ့ ငါတို့လိုလူတွေအများကြီးရှိတယ်ဆို ခေါင်းဆောင်တစ်ယောက်လောက်ထားသင့်တယ်...အဲ့ထားလိုက်တဲ့ခေါင်းဆောင်ကသူ့အဖွဲ့သားတွေကိုပိုင်တယ် အဲ့တာကြောင့်ခေါင်းဆောင်ခွင့်ပြုချက်မရှိဘဲ အဲ့မမြင်ရတဲ့အရာတွေက ဘာမှလုပ်လို့မရဘူး...ဥပမာပြောရရင်ကွာ ပိုင်ရှင်ရှိတဲ့အရုပ်ကိုအခြားသူက ပိုင်ရှင်မသိဘဲ ယူကိုင်ခွင့်မရှိသလိုပေါ့"

Tao-"Ge ပြောတာနားလည်ပြီ အဲ့တာဆိုဘယ်သူ့ကိုခေါင်းဆောင်ထားမှာလဲ?"

The Ghost DollWo Geschichten leben. Entdecke jetzt