Ep.7

3.4K 365 5
                                    

Chanyeol စဉ်းစားနေမိသည်...
Kai ပြောစကားအရ အရိပ်တွေအများကြီးဘဲဆိုတော့ သရဲကတစ်ကောင်တည်းမဟုတ်ဘူးလား?

ပြီးတော့အဲ့နေ့ကမှပါလာတယ်လို့ဆိုလိုချင်တာလား?
ဘယ်ကလိုက်လာတာလဲ အဲ့သရဲတွေက?

Chanyeol အတွေးပေါင်းစုံနဲ့ရှုပ်ရှပ်ခတ်နေသည်။ Baek လေးအိပ်ပျော်နေတာမို့ ပျင်းနေတာနဲ့ အိမ်အလုပ်တွေလုပ်ပြီး Baek ရဲ့အရုပ်လေးတွေကို
ိုလျှော်ရန်စဉ်းစားမိလိုက်သည်။

အရုပ်တွေဆိုလို့အရမ်းအများကြီးလည်းမကျန်တော့ပါဘူး ဟိုတလောကပျက်ဆီးသွားလို့တော်တော်များများမရှိတော့ဘူးလေ...အိပ်ယာပေါ်မှာထားတဲ့အရုပ်တချို့နဲ့ Jame လောက်ဘဲရှိတော့တာ..

Chanyeol အရုပ်တွေကိုသယ်ပြီးရေချိုခန်းထဲမှာ
သေချာလျှော်ကာ နေပူထဲထုတ်လှမ်းပြီးပြန်ဝင်လာခဲ့သည်။

သူဝင်လာတာနဲ့တပြိုင်နက် နေပူထဲလှမ်းထားတဲ့ Jame ဆိုတဲ့အရုပ်ကလေးရဲ့ခန္ဓာကိုယ်ကအငွေ့အမဲတွေအများကြီးထွက်လာကာ ညည်းသံလိုလို ဒေါသဖြစ်သံလိုလိုအသံကြီးထွက်လာခဲ့သည်။ ဒါကိုတော့ Chanyeol မမြင်လိုက်...

မကောင်းဆိုးဝါးဆိုတာနေရောင်ကိုကြောက်တယ်လေ...
အဲ့တော့သူတို့ကိုနေပူထဲထားခဲ့တဲ့ Chanyeol ကို
အဲ့မကောင်းဆိုးဝါးတွေကျေနပ်ပါ့မလား?

Baekhyun တစ်ယောက်အိပ်နေရင်းနဲ့ဖျက်ခနဲလန့်နိုးလာခဲ့သည်။ အကြောင်းက...အခုသူအရမ်းပူလောင်နေတယ် ခန္ဓာကိုယ်တစ်ခုလုံးမီးမြိုက်ခံထားရသလိုဘဲ အရမ်းပူလောင်တယ်

"အား!!! Yeol!! Yeol!!"

Baekhyun အားခေါ်ခြစ်အော်ကာ Chanyeol ကိုခေါ်မိသည်။ သူအရမ်းပူနေပြီ လုံးဝမခံစားနိုင်လောက်အောင်ပူနေပြီ

Baekhyun အော်သံကြားတော့ Chanyeol စိုးရိမ်ကာ ချက်ချင်းပင်အခန်းထဲပြေးဝင်လာခဲ့သည်။

"Baek...baek ဘာဖြစ်လို့လဲ?"

"Yeol ပူတယ် Baek အရမ်းပူနေတယ်...တစ်ကိုယ်လုံးမီးရှို့ခံထားရသလိုဘဲ"

"ဟမ်? ဘယ်လိုဖြစ်တာလဲ? အရမ်းပူနေလား ခဏလေးနော် ကိုယ် Aircon ထဖွင့်ပေးမယ်"

Chanyeol ချက်ချင်းထကာ Aircon ထဖွင့်ပေးပြီး အမြင့်ဆုံးထိထားလိုက်တယ်..

The Ghost DollWhere stories live. Discover now