Ep.8

3.3K 360 12
                                    

Chanyeol သတိလစ်သွားတော့မှ
Baekhyun ပြန်လည်သတိဝင်လာခဲ့သည်။

Baekhyun သတိဝင်ဝင်ခြင်း တွေ့လိုက်ရတာက
သွေးတွေအများကြီးထွက်ကာ သတိလစ်နေတဲ့ Yeol...

ပြီးတော့သူ့ပါးစပ်မှာသွေးတွေ...ဟင့်အင်း ဘာတွေလဲ?
ကျွန်တော်ဘာဖြစ်သွားတာလဲ?
Yeol ကရော...Yeol ကရောဘာလို့သတိလစ်နေရတာလဲ?

"Yeol သတိထားဦးလေ Yeol"

Baekhyun အတင်းလှုပ်နှိုးနေပေမဲ့ Chanyeol လုံးဝသတိရမလာတော့...

Baekhyun တစ်ယောက်ဘာလုပ်ရမှန်းမသိ
ထူပူနေလေပြီ....
ပြီးမှ Sehun ကိုသတိရကာ ဖုန်းဆက်ရတော့သည်။

"Hello Sehun ah ခဏလောက်အိမ်ကိုအမြန်လာခဲ့ပါ
yeol သွေးထွက်လွန်နေတယ် jelba..."

Baekhyun ငိုသံတွေနဲ့ပြောနေတာမို့ Sehun သဲသဲကွဲကွဲမကြားရ

"Baekhyun ah စိတ်အေးအေးထားပြီးငါ့ကို
သေချာပြော...Chanyeol ဘာဖြစ်တာလဲ? "

"ငါမသိဘူး yeol သွေးတွေအများကြီးထွက်နေတယ် jelba မြန်မြန်လာခဲ့ပါ Sehun ah T~T"

"အေးပါ ငါအခုထွက်လာခဲ့မယ် မင်းသာစိတ်အေးအေးထား"

Baekhyun ဖုန်းချပြီးတာနဲ့ Chanyeol ရဲ့သွေးတွေကိုသန့်ရှင်းရေးလုပ်ပေးမိသည်။
ဒါက ကိုက်ရာတွေဘဲ ပြီးတော့ကျွန်တော့်ပါးစပ်ကသွေးတွေ..

ဟင့်အင်း မဟုတ်ဘူးမလား? ကျွန်တော်ကိုက်တာမဟုတ်ဘူးမလား??

ကျွန်တော်သတိထားမိတယ် ဒီရက်ပိုင်းကျွန်တော့်စိတ်တွေမူမမှန်ဘူးဆိုတာ ကျွန်တော်သိတယ်...
ကျွန်တော့်စိတ်တွေကိုတစ်ယောက်ယောက်ကထိန်းချုပ်ထားသလိုဘဲ...
ပြီးတော့တစ်ခါတစ်လေကျရင် ကျွန်တော်အသိစိတ်တွေလုံးဝပျောက်သွားတတ်တယ်...
အခုရော...အခု yeol ကိုဒီလိုဖြစ်အောင်လုပ်လိုက်တာ ကျွန်တော်လား? မဟုတ်လောက်ပါဘူးနော်...

Baekhyun တစ်ယောက်ကြောက်လန့်ကာ အတွေးတွေထဲချာချာလည်နေသည်။ သူချစ်တဲ့သူကိုနာကျင်အောင်လုပ်မိသူက သူကိုယ်တိုင်ဘဲဖြစ်နေလေသလား?

Baekhyun သတိမထားမိခဲ့ပါ...သူသိပ်ကြိုက်တဲ့ Jame ဆိုတဲ့အရုပ်လေးရဲ့မျက်လုံးက အရင်ကထက်ပိုမိုလှပနေခဲ့တယ်ဆိုတာ...
ထိုအရုပ်ကလေးရဲ့အပြုံးကအလွန်မှ အသက်ဝင်နေခဲ့သည်ဆိုတာ...
အင်း ကြောက်စရာကောင်းတဲ့အပြုံးမျိုးပေါ့

The Ghost DollWhere stories live. Discover now