ဖရက်.. ခင်ဗျား ဒီလိုခံစားခဲ့ရတာလား.. ဒီလောက်ခံရခက်အောင် ဆာနေရက်နဲ့ ဘာလို့ ကျွန်တော့်ကို မသတ်ခဲ့တာလဲ...

ဒန်နရယ်နောက်တစ်ကြိမ် ကျောက်ဖြာပေါ်လဲလျောင်းနေသော သူ့နှလုံးသားရှိရာသို့ လှမ်းနေသော လက်များကိုတွေ့လာရသည်။ နှုတ်ယူစားသုံးချင်နေစိတ်များ လောင်ကျွမ်းနေသော ဖရက်ဒီ၏ ဆာလောင်မှုနှင့် မွတ်သိပ်မှုကို နားလည်မိသလို ဒန်နရယ်၏ စည်းချက်မှန်မှန်ခုန်နေသော နှလုံးသားကို တွေ့ထိမိချိန် နွေးထွေးသော ခံစားမှုတစ်ခု..

တော်ပြီ.. ကျွန်တော့်ကို ထွက်ခွင့်ပေးပါ.. ဖရက်ဒီ.. ခင်ဗျားအတွေးတွေထဲမှာ ကျွန်တော်ရှိမနေပါရစေနဲ့..

ဒန်နရယ် ခံနိုင်ရည်မရှိစွာ ရုန်းကန်လာနေသည်။

သူခံစားနေရသည့် နက်ရှိုင်းလှသည့် ချစ်ခြင်းမေတ္တာများသည် ဖရက်ဒီ သူ့အပေါ် ထားရှိခဲ့သည့် ခံစားချက်များဖြစ်နေသည်ကို ကြောက်ရွံ့စွာ နားလည်လာရသည်။

ဖရက်.. ခင်ဗျား အဲဒီ့အချိန်ကတည်းက ကျွန်တော့်ကိုချစ်ခဲ့တာလား.. ကျွန်တော်ဘာလို့ ချက်ချင်းနားမလည်ခဲ့ရတာလဲ.. ဘာလို့ဒီလောက် အသိနောက်ကျခဲ့ရတာလဲ...

နောက်တစ်ကြိမ်လေဟာပြင်တစ်ခုထဲ လွင့်မြောသွားပြီးချိန်မှာတော့ ရေတံခွန်မြင့်ဘေးမှ ကျောက်ဂူတွင် ထိုင်နေသော သူ့ပုံရိပ်သည် ရင်ခွင်ထဲတွင်ရှိနေသည်။

မင်းနားမှာ အခုလိုနေရတဲ့ ဒီအချိန်တွေဟာ ငါ့ဘ၀မှာ ပျော်စရာအကောင်းဆုံးအချိန်တွေဆိုရင် မင်းယုံမလား..ဒန်နရယ်..

ငါ့ကိုတစ်ခုပဲ ကတိပေးစမ်းပါ ... မင်းရဲ့ဒီနှလုံးသားကို ဘယ်တော့မှ မရပ်တန့်စေနဲ့..

ထို့နောက်တွင်တော့ ကြောက်ရွံ့ဖွယ် ဂေါဒနတ်ဆိုး၏ စကားသံကို ကြားလာမိပြန်သည်။

တိတ်တိတ်နေစမ်း.. အဘိုးကြီး.. ဒါလူသေနံ့မဟုတ်ဘူး.. အသက်ရှင်ရက်ရှိနေတဲ့ လူနံ့.. မွှေးတာမှ သင်းနေတာပဲ.. ငါ အခုပဲ တ၀စားလာပေမယ့် ချက်ချင်းလိုလို ဗိုက်ပြန်ဆာလာပြီ.. ဟဲ ဟဲ..

ဖရက်ဒီ ခံစားခဲ့ရသော သူ့အတွက် စိုးရိမ်ပူပန်မှုများကို ယခုတော့ ဒန်နရယ်ကောင်းကောင်း နားလည်လိုက်ရပြီဖြစ်သည်။ ဒန်နရယ် ၀မ်းနည်းလွန်းမိသည့်အတွက် ခံနိုင်ရည်မရှိတော့။ ချက်ချင်းလိုလို ဒန်နရယ့်ကို ဂူအပြင်သို့လိုက်ပို့ချင်လာသည့် ဖရက်ဒီ၏ စိတ်ကို နားလည်မိလိုက်ရသည်။

Black AngelWhere stories live. Discover now