Part - 22

3K 239 32
                                    

ဒီနေ့လေးဟာ တိုက်ဆိုင်မှုကြောင့်လား ကံကြမ္မာရဲ့ဆော့ကစားခြင်းလား
Baek တစ်ယောက် မနက်စောစော ဆိုင်မသွားပဲ TV ထိုင်ကြည့်နေလေရဲ့

Tao : Baek နင်ဒီနေ့ဆိုင်မသွားဘူးလား

Baek : အင်းနေ့လည်လောက်မှသွားမလို့

lulu : ကဲရော့ကော်ဖီသောက်ကြ ငါဖျော်လာတာ ဒီနေ့မနက် နင်တို့ဆိုင်မသွားတော့ ငါတို့သုံးယောက် အိမ်မှာပဲနေပီး အေးဆေး စကားပြောလို့ရတာပေါ့

Tao : အမလေး မိluluရယ် ငါတို့ဘယ်တုန်းက စကားမပြောရလို့လဲ

Baek : ငါတို့သုံးယောက်ဆုံတိုင်း ငါ Sooကို အရမ်းသတိရတာပဲဟာ

lulu : Soo လည်း ဘယ်လိုနေမလဲ မသိဘူးနော် သူအဆင်ပြေပါ့မလား

Baek : သူအဆင်ပြေမှာပါ သူကထက်မြက်တဲ့ လူတစ်ယောက်ပဲဟာ

Tao : ဟဲ့ Baekမ နင်တစ်လိုင်းဆိုတစ်လိုင်းပဲ ကြည့်ပါလားဟိုပြောင်းလိုက်ဒီပြောင်းလိုက်နဲ့

Baek : တစ်လိုင်းထဲကြည့်ရတာ ပျင်းတယ်ဟ ဘာဇာတ်ကားမှလည်း ကောင်းတာမလာဘူး

lulu : ဟဲ့ခဏအဲ့လိုင်းဖွင့်ထားလိုက်

Baek : အဲ့ဒါဘာလဲ အင်တာဗျူးမှတ်လား ပျင်းစရာကြီး

lulu : အဲ့လိုင်းက နိုင်ငံအသီးသီးမှာ နာမည်ကြီးတဲ့ စီးပွားရေးလုပ်ငန်းရှင်တို့ အဆိုတော်တို့ ရုပ်ရှင်မင်းသမီးတို့ သူတို့အကြောင်းတွေကို အင်တာဗျူးလုပ်တာလေ

Baek : အော် ငါတစ်ခါမှမကြည့်ဖူးဘူး

lulu : အခုမှအစပဲရှိသေးတယ်

Tao : အဲ့ဒါပဲထားလိုက် ငါတို့လည်း သူတို့အောင်မြင်မှုကို အတုယူလို့ရတာပေါ့

MC : မင်္ဂလာပါရှင် ဒီတစ်ပတ်မှာတော့ စီးပွားရေးလုပ်ငန်းမှာအောင်မြင်နေတဲ့ စားဖိုမှူးလည်းဖြစ် လူငယ်စီးပွားရေး လုပ်ငန်းရှင်လည်းဖြစ်တဲ့ အမျိုးသမီးစီးပွားရေးလုပ်ငန်းရှင် တစ်ယောက်ကိုဖိတ်ကြားထားပါတယ် ကဲဒါဆိုကျွန်မတို့အစီစဉ်လေးကို စတင်လိုက်ကြရအောင်နော်
[ အင်တာဗျူးကတော့ Eng လိုဗျူးတာပေါ့နော် ]

MC : မင်္ဂလာပါညီမ ညီမကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ပေးပါအုံး

TV မှာပေါ်လာတဲ့ မျက်နှာတစ်ခုကို ကြည့်ပြီး Baek တို့သုံးယောက်လုံး ပြိုင်တူရေရွတ်လိုက်ကြတယ်

ကိုယ့်ရဲ့ဘုရင်မလေး [completed]Where stories live. Discover now