Part - 4

2.9K 238 3
                                    

Kai ရဲ့နာမည်အရင်းက Kim Jongin သူငယ်ချင်းတွေကတော့ Kai ပဲခေါ်တယ် LA မှာနေပြီးမိဘတွေကလည်း LA မှာ သူဌေးထိပ်တန်းစာရင်းဝင်တွေပေါ့ Korea မှာ အခြေချမယ်ဆိုပြီးပြောင်းလာတော့ သူငယ်ချင်းတွေဖြစ်တဲ့ Sehun Yeol Yixing တို့ကပါ Kai နဲ့မခွဲနိုင်လို့ Korea ကို လိုက်လာကြတယ် တစ်အိမ်ထဲမှာအတူနေကြပြီး XoXo University မှာ အထက်တန်းဒုတိယနှစ်တက်ဖို့ ကျောင်းအပ်ထားတယ် သူတို့သူငယ်ချင်းတွေကလည်း Sooတို့လိုပဲ မူလတန်းထဲက တပူးပူးတတွဲတွဲနေလာကြတာလေ မိဘတွေကလည်းအောင်မြင်တဲ့ စီးပွားရေးသမားတွေဖြစ်တော့ သားတွေကိုအလိုလိုက်ထားတယ် လုပ်ချင်တာကိုလုပ်ခွင့်ပေးတယ်
သူတို့လည်းဆိုးမှန်းမသိဆိုးနေတဲ့ လူဆိုးလေးတွေပေါ့

ဒီနေ့က XoXo University ရဲ့ ပထမဆုံးကျောင်းဖွင့်ရက်လေးပေါ့
ထူးခြားတာက ပြိုင်ကားလေးစီးနဲ့ ကျောင်းထဲဝင်လာတဲ့ ကောင်လေးလေးယောက်ကြောင့် ကောင်မလေးတွေရုတ်ရုတ်ဖြစ်သွားတယ် Soo တို့လာတာတောင် လမ်းကတိုးမရ တချို့ကောင်မလေးတွေဆို သူတို့ကို Idol မှတ်နေလားမသိ လက်မှတ်ပါထိုးခိုင်းနေသည်

Baek : ဟဲ့ဒီနေ့ငါတို့ကျောင်းမှာ Idol တွေ ရုပ်ရှင်လာရိုက်တာလားမသိဘူးနော်

lulu : ဘာပဲဖြစ်ဖြစ် ကျောင်းပေါက်မှာတော့ မပိတ်သင့်ဘူးမှတ်လား

Tao : ဟဲ့အဲ့ဒါ Idol တွေမဖြစ်နိုင်ဘူး ငါသိတဲ့လူတစ်ယောက်မှလည်းမပါဘူး

Soo : ငါအခန်းထဲမြန်မြန်ရောက်ချင်ပြီ လူအများကြီးနဲ့မနေချင်ဘူး

ကျောင်းမလာချင်ပဲလာရတဲ့ Soo က စိတ်ဓာတ်ကျတဲ့လေသံနဲ့ ပြောလေတော့ သူငယ်ချင်းတွေက စိတ်မကောင်းဖြစ်ရတယ် အဲ့ဒါနဲ့ အတန်းထဲသွားရဖို့အရေးကြီးတယ်ဆိုပြီး Baek တစ်ယောက်

Baek : ဒီမှာ ဒီမှာ လမ်းလေးတွေနည်းနည်း ဖယ်ပေးကြပါလား နေမကောင်းတဲ့လူပါလာလို့

High Note ကောင်းတဲ့ Baek အသံကြောင့် ဆူညံနေတဲ့အသံတွေပျောက်ပီး သူတို့ကိုလမ်းဖယ်ပေးလိုက်တယ် အဲ့ဒါနဲ့ သူတို့လေးယောက်လည်း ကျောင်းပေါက်ကနေဖြတ်လို့ရသွားတာပေါ့ Soo ကတော့ နောက်ဆုံးကနေ ကပ်လိုက်သွားတယ် ဖြစ်ပျက်သွားတဲ့အဖြစ်ပျက်ကြီးကြောင့် သူလူတွေနဲ့တွေ့ရမှာကြောက်နေတယ်လေ
Kai တို့လည်း သူတို့လေးယောက်ကို အာရုံစိုက်မိတာပေါ့ ကျောင်းသူတချို့ကတော့

ကိုယ့်ရဲ့ဘုရင်မလေး [completed]Where stories live. Discover now