Part - 21

2.8K 237 19
                                    

ဆောင်းရာသီမှာ အုပ်စုခွဲပြီး ပြောင်းရွှေ့ကြတဲ့ ငှက်ကလေးတွေလိုပဲ ဒီနှစ်ရဲ့နှင်းစက်တွေ အောက်မှာ Baek တို့လည်း တက္ကသိုလ်က ဌာနအသီးသီးကို ခိုဝင်ကြပါတော့တယ်

Yeol တို့လေးယောက်လုံး အနုပညာမေဂျာကို ယူဖြစ်ကြတယ် Tao ကတော့ စီးပွားရေးမေဂျာ lulu က ဒီဇိုင်းမေဂျာ Baek ကတော့ Make-up & Stylist မေဂျာ ကိုယ်ဝါသနာပါရာ မေဂျာအသီးသီးယူခဲ့ကြတယ်
[ဒါက fic အရ Author စိတ်ကူးထဲက မေဂျာတွေပါ ]

XoXo University မှာက မူလတန်းကနေ တက္ကသိုလ်ထိတက်ရောက်နိုင်ပြီး မေဂျာပေါင်းစုံတက်ရောက်နိုင်ပါတယ် အသက်မွေးဝမ်းကျောင်းအတွက်လည်း မေဂျာအစုံထားပေးထားပါတယ် ကျောင်းပီးတာနဲ့ Company ကြီးတွေနဲ့ ချိတ်ဆက်ထားပြီး အလုပ်တန်းရပါတယ် XoXo University တက်ဖို့ဆိုတာ သိပ်တော့မလွယ်ကူလှပါဘူး ပညာတော်ရင်တော် မတော်ရင်ပိုက်ဆံရှိမှ တက်ရောက်နိုင်တာပါ

Yeol တို့နဲ့ Baek တို့တွေ မေဂျာမတူကြပေမယ့် ကျောင်းတူနေတော့ ကျောင်းဆင်းချိန်တိုင်း တွေ့ဖြစ်ကြပါတယ် သူတို့အဖွဲ့ကအရင်လို ခင်မင်လျှက်ပါပဲ အရင်လိုပဲ အားတဲ့အချိန်တိုင်း Soo ရဲ့ Coffee ဆိုင်ကို သွားကြလျှက်ပါပဲ သူတို့အားလုံးပုံမှန်ပါပဲ Soo မရှိတာကလွဲရင်ပေါ့

Baek : Yeol နင်တို့လေးယောက် SM မှာ Training ဆင်းရမှာဆို

Yeol : ဟုတ်တယ် ငါတို့ဝင်ဖြေတာ အောင်သွားတယ်

Sehun : ငါတို့နောက်နှစ်လောက်ဆို Debut လုပ်တဲ့အဖွဲ့ထဲတောင် ပါချင်ပါမှာနော် Kai

Kai : အင်း

Tao : အမယ် ဘာလို့အဲ့လောက် အပိုင်ပြောနိုင်တာလဲ

Yixing : Kai အဖေက SM မှာ ရှယ်ယာအများဆုံးဝင်ထားတယ်လေ

lulu : တကယ် o-O

Kai : အင်း

Baek : ငါတို့တွေ ပြသနာတွေ ဖြေရှင်ပြီးသွားပီနော် ဒီအကြောင်းတွေသာ Sooသိရင် သိပ်ကောင်းမှာပဲ

Yeol : Soo နဲ့ အဆက်သွယ်မရသေးဘူးလား

Baek : ငါတိုအဆက်သွယ်ပြတ်နေတာ 5လလောက်ရှိပီ ငါတို့ Email ရော Voice Mail ရောအမြဲတန်းပို့တယ် သူမဖတ်ဘူး

lulu : သူသင်တန်းတွေတက်နေရတော့ မအားလို့နေမှာပါ

Yixing : Soo လည်းသူဖြစ်ချင်တဲ့အိပ်မက်ကို အကောင်ထည်ဖော်ဖို့ ငါတို့လိုပဲ ကြိုးစားနေတာနေမှာပါ

ကိုယ့်ရဲ့ဘုရင်မလေး [completed]Wo Geschichten leben. Entdecke jetzt