Part - 10

2.7K 213 5
                                    

Happy Birthday to you
Happy Birthday to you

Soo Kai ရဲ့ ကားပေါ်က ဆင်းလိုက်တာနဲ့ Baek တို့အားလုံး မွေးနေ့ကိတ်ကိုကိုင် Birthday Song ကိုဆိုပြီး Soo ဆီကိုလျှောက်လာကြတယ် Sooလည်း မွေးနေ့ဖယောင်းတိုင်ကို မှုတ်လိုက်ပီး

Soo : နင်တို့အားလုံးကို ကျေးဇူးတင်ပါတယ်

Baek : ဒါက Kai တို့စီစဉ်တာ ငါတို့တောင် ခုနကမှဒီကိုရောက်လာတာ

lulu : ဖယောင်းတိုင်တော့မှုတ်ပီး မွေးနေ့ကိတ်လှီးရအုံးမယ်လေ

Yeol : လာ ကိတ်သွားလှီးကြမယ်

Soo လည်းမွေးနေ့ကိတ်ကို လှီးလိုက်ပီး Kai ကိုအရင်ဆုံးကျွေးလိုက်တယ် ပြီးတော့ Baek အားလုံးကို တစ်ယောက်တစ်ဇွန်းခွံ့လိုက်တယ်

Yeol : ကဲ မွေးနေ့ရှင်ကို ကျွန်တော်တို့အဖွဲ့က မွေးနေ့လက်ဆောင်အဖြစ် သီချင်းလေး တစ်ပုဒ်ဖျော်ဖြေပါမယ်

Kai နဲ့ Sehun ကအရင်စပြီး ဆိုလိုက်တယ် Yeol နဲ့ Yixing ကတော့ Guitar လည်းတီးတယ် သီချင်းလည်းဆိုတယ် သူတို့ဆိုတဲ့သီချင်းလေးက Lucky ဆိုတဲ့သီချင်းလေးပေါ့

[တရေထဲ တမြေထဲမှာ မင်းနဲ့ကိုယ်ဟာ
လူမျိုးဘာသာစကားလည်းတူတယ်
ကံကောင်းလွန်းတယ် ဒီလိုကံတရာမျိုး ပိုင်ဆိုင်လို့ ဒီထက်ပိုကောင်းတဲ့အဖြစ်မရှိ
ဒီလိုနေ့တနေ့ရဲ့ကံတရားဟာလှပတယ်
ပျော်ရွှင်မှုများကထုံမွှမ်းဖြာဝေ lucky
လူတွေသန်းပေါင်းများစွာမှာ မင်းကိုကိုယ်တွေ့ရှိ ကိုယ်ကမင်းနာမည်ကိုခေါ်ခွင့်ရှိတယ် မင်းရဲ့လက်ကိုလည်းဖြူစင်စွာ ဆုတ်ကိုင်ခွင့်ရှိတယ် နေရောင်ခြည်များ လင်းဖြာဝေ ကိုယ့်အားလွှမ်းခြုံနေ ရင်ထဲမှာကိုယ်လေအတိုင်းမသိပျော်မိ
မင်းလည်းကိုယ့်နာမည်ကို လှမ်းခေါ်နေ ကိုယ့်ရဲ့ပုခုံးထက်မင်းလေးခိုနားမှီ နေရောင်ခြည်များလင်းဖြာဝေ မင်းကိုအနွေးဓာတ်ပေး ကိုယ့်မျက်ဝန်းတွေ မင်းဆီကခွာမရပေ ကံကောင်းတဲ့အချစ်လေး ]

Baek တို့အားလုံးလည်း လက်ခုတ်တီးပြီးအားပေးကြတယ် Kai ကတော့ Soo ကိုရည်ရွယ်ပြီးဆိုတာပေါ့ Soo စိတ်ထဲမှာတော့ သူဟာမိန်းကလေးတွေ အားလုံးထဲမှာ ကံအကောင်းဆုံးလို့ တွေးနေလေရဲ့ သီချင်းလည်းဆုံးရော

ကိုယ့်ရဲ့ဘုရင်မလေး [completed]Όπου ζουν οι ιστορίες. Ανακάλυψε τώρα