Part - 17

2.4K 204 18
                                    

ဒီနေ့က ထုံးစံအတိုင်း အထက်တန်းနောက်ဆုံးနှစ်ရဲ့ King & Queen ရွေးချယ်ပွဲလေးလေ ဒီနှစ်မှာတော့ Kai က Sara နဲ့အတူ ပွဲတက်တယ် Soo တို့အဖွဲ့ကတော့အရင် ရောက်နှင့်နေတယ်လေ

Tao : Soo ဟိုမှာကြည့်ပါအုံး ဟိုမိန်းမ Kaiလက်ကိုတွဲထားတာများ

Baek : အေးလေ မသိရင် သူများကပဲ သူ့ဆီကလူ့မှာကို စိုးရိမ်နေတဲ့ပုံမျိုး

Soo : သူကငါ့ဆီကလုထားတာကိုး အဲ့တော့သူစိုးရိမ်နေမှာပေါ့

Tao : Soo နင် Minho ကို စိတ်ဆိုးပြေလိုက်ပါတော့ဟာနော် သူ့ကြည့်ရတာတောင်ငါသနားလာပြီ

Soo : ငါစိတ်ထဲမှာဘာမှမရှိတော့ပါဘူး

Baek : အာ့ဆိုနင်ပြန်ခေါ်မယ်ပေါ့သူနဲ့

Soo : အခုလည်းငါ ပြောသင့်တဲ့စကားဆို သူ့ကိုပြောပါတယ်

Baek : ငါပြောတာက အရင်လို ရင်းရင်းနှီးနှီးဆက်ဆံတာလေ

Soo : အဲ့ဒါကတော့ ငါစိတ်ထဲရှိသလို ဆက်ဆံမှာပဲ သူ့အပြစ်နဲ့သူပဲ ငါပြန်ခေါ်တာတောင်တော်လောက်ပီ

Baek : အင်းပါ

Tao : ဟိုမှာ Yeol တို့အဖွဲ့လာနေပီ

lulu : Hun ဒီမှာ

lu တစ်ယောက် Sehun ကို လက်ပြပြီး သူတို့နားကိုခေါ်လိုက်တယ်

Hun : lu တို့ရောက်နေတာကြာပီလား

lulu : အင်းနည်းနည်းကြာပီ

Yeol : Soo ရော အဆင်ပြေရဲ့လား

Soo : ဘာကိုလဲ Yeol

Yeol Kai တို့ကိုမေးဆက်ပြတော့ Soo သဘောပေါက်သွားပီး ခေါင်းငြိမ့်ပြလိုက်တယ်

Yeol : အဆင်ပြေရင် အတူတွဲကမလား Soo

Yeol လက်ကမ်းပေးလိုက်တော့ Sooလည်း သူ့လက်ကို Yeol လက်ပေါ်ထပ်ပြီး

Soo : ကကြတာပေါ့

lulu နဲ့ Hun လည်း အတူတွဲကကြတယ် Kai ကလည်း Sara နဲ့အတူတွဲကရင်း တစ်ချက်တစ်ချက် Yeol နဲ့ Soo ကို လှမ်းလှမ်းကြည့်တယ် ဒါကိုသတိထားမိတဲ့ Yeol က Soo ကို ပိုပြီးဖက်လိုက် Soo ကတော့ အလိုက်သင့်လေးပဲ Yeol နဲ့ လိုက်ပြီးကတယ် အားလုံးကပြီးခဏနေတော့  ဆရာက King & Queen ကျေညာဖို့ စင်ပေါ်မှာနေရာယူလိုက်တယ်

ကိုယ့်ရဲ့ဘုရင်မလေး [completed]Where stories live. Discover now