Part - 20

2.7K 234 26
                                    

အထက်တန်းနောက်ဆုံးနှစ်စာမေးပွဲဖြေတဲ့ နောက်ဆုံးရက်လေးပေါ့ Baek တို့တတွေ စာမေးပွဲဖြေပြီးတာနဲ့ Yeol တို့အိမ်မှာ Soo အတွက်နှုတ်ဆက်ပွဲလုပ်ဖို့ စီစဉ်ထားကြတယ်
Soo တစ်ယောက်ကို လျို့ဝှက်ပြီးတော့ပေါ့

Soo : Baek အိမ်မပြန်ဘူးလား ဘယ်သွားနေတာလဲ Tao တို့ကရော ဘာလို့ငါတို့ကိုမစောင့်ပဲပြန်နှင့်တာလဲ

Baek : Yeol တို့အိမ်ကို အရင်သွားမလို့ Tao တို့လည်းရောက်နှင့်နေလောက်ပီ

Soo : Wae

Baek : ရောက်ရင်သိလိမ့်မယ် Soo ရဲ့

Soo တစ်ယောက်လည်း ဘာမှဆက်မပြောတော့ပဲ Baek ခေါ်ရာနောက်ကိုပါသွားတော့တယ် နှစ်ယောက်သား Yeol တို့အိမ်ကိုရောက်တော့ စားဖို့သောက်ဖို့ပြင်ဆင်ပြီးနှင့်နေတဲ့ Tao နဲ့ lulu က Soo ဆီရောက်လာတယ် နှစ်ယောက်လုံးက မျက်နှာတော့မကောင်းကြဘူးပေါ့

Tao : Soo ရောက်လာပီလား

Soo : ဒီနေ့ဘာနေ့မလို့လဲ Party လုပ်တာလား

lulu : Arnyi နင့်အတွက် နှုတ်ဆက်ပွဲလုပ်ပေးတာ

Soo : ငါ့အတွက်

Yeol တို့လည်းရောက်လာကြပီး

Yeol : ဟုတ်တယ် Soo ဒီနေ့ကငါတို့တွေရဲ့ နောက်ဆုံးတွေ့ရမယ့်နေ့လေးပဲ အဲ့ဒါကြောင့်

Sehun : အိမ်ထဲမှာပြောကြရအောင် အိမ်ထဲလာကြကွာ Soo တို့လည်းလာ

Soo တို့တွေအားလုံး ဧည့်ခန်းထဲမှာ ထိုင်ကြပြီးစကားပြောဖြစ်ကြတယ် Kai ကတော့ ဝေးရတော့မယ့် Soo ရဲ့ မျက်နှာကို တစိမ့်စိမ့်ကြည့်နေမိတယ် အားလုံးစားကြသောက်ကြပီးတော့

Yeol : Soo မနက်ဖြန် လေယာဉ်ဘယ်အချိန်လဲ

Soo : မနက်ပိုင်း

Sehun : Soo အလည်သဘောပဲ သွားမှာမှတ်လားဟင်

Soo : ဟင်အင့် အဲ့မှာပဲ ကျောင်းသွားတက်တော့မှာ

Sehun : lu Soo ပြောတာတကယ်လား

lu လည်း မျက်ရည်လေးစမ်းတမ်းစမ်းတမ်းနဲ့

lu : အင်း

Sehun : lu တို့က မတားကြတော့ဘူးလား

lu : တားပါသေးတယ် ဒါပေမယ့် ဒီလိုလုပ်မှ Soo အတွက်ကောင်းမယ်ထင်လို့ lu တို့ ဆက်မတားတော့တာပါ

ကိုယ့်ရဲ့ဘုရင်မလေး [completed]Where stories live. Discover now